5 (Z)

2.1K 230 5
                                    

ဒါဟာ ရိပေါ်နဲ့ ရှောင်းကျန့်ရဲ့ ပထမဆုံးအမှုတော့မဟုတ်ခဲ့ဘူး ..။
ဒါပေမယ့် ရှောင်းကျန့် ဝိဥာဉ်ဖမ်းရတိုင်း ရိပေါ်က ကူညီပေးခဲ့ရတာချည်း ..။

ပထမဆုံး ဝိဉာဉ်ဖမ်းတာက ဂျပန် ကျိုတိုမြို့ငယ်လေးမှာ ..။
မှတ်မိသလောက် အဲ့တုန်းက ဂျပန်ဟာ တရုတ်ဆီကနေ လွတ်လပ်ရေးရခါစ ၁၉၅၃ ..။
ကျိုတိုမြို့ရဲ့ လမ်းကြားလေးမှာ ရိပေါ်ဟာ ညနေပိုင်း သေရည်ဆိုင် ခပ်သေးသေးလေးဖွင့်ပြီး စီးပွါးရေးလုပ်ပါတယ် ..။
အဲ့တုန်းက တကယ့်လူတွေအတွက် ဆိုင်ဖွင့်ခဲ့တာ ..။
ဆိုင်နာမည်လေးက "ညနေဆိုင်" တဲ့ ..။
ဒီထူးဆန်းတဲ့ နာမည်ကို ရှောင်းကျန့်ကပေးတာပါ ။ ညနေမှဖွင့်တော့ ညနေဆိုင်ပေါ့တဲ့ ..။

"ဟေး ဆိုင်ရှင် ... အရက်ဖြူတစ်အိုးနဲ့ အမဲသားခြောက်စပ် ..!"

မော့ကြည့်လိုက်တော့ ဂျပန်သတင်းစာကို ကိုင်ပြီးဝင်လာတဲ့ ရှောင်းကျန့် ..
ကာကီရောင်ကုတ်နဲ့ ဂျပန်စစ်ကေနဲ့ ..။
ဒီသေမင်းတမန်က ဘယ်လိုဖြစ်လို့ ဒီလောက်ကြည့်ကောင်းအောင် ပြင်ဆင်လာရတာလဲ ..။

သူကြည့်နေတာမြင်တော့ မျက်စိတစ်ဖက်မှိတ်ပြီး သူ့ကိုနှုတ်ခမ်းလေးလှုပ်လို့ "အသည်းလို့မခေါ်ချင်ဘူး လူတွေရှိနေလို့" လို့ပြောပါတယ် ..။
ခေါ်လည်း ဂရုတော့ မစိုက်ပါဘူး ..။

"ရပြီ .."

အရက်ဖြူပုလင်းကို ဝါးခွက်လေးတွေနဲ့ တွဲချပေးရင်း အမဲသားခြောက်စပ်ပန်းကန်ပါ တစ်ပါတည်း ချပေးပြီး ရိပေါ်က သူ့ဘေးဝင်ထိုင်ပါတယ် ..။

"ဘယ်လိုဖြစ်လို့ ဒီလိုပုံစံလဲ ..ပြီးတော့ဘာလို့ ဒါတွေမှာတာလဲ .."

"အသည်းရဲ့ ရှောင်းကျန့်က ကောင်မလေးတစ်ယောက်နဲ့ တွေ့မလို့ ..."

ဟိုးတောင်ထိပ်ပေါ်ကနေ တွန်းချခံလိုက်ရသလိုမျိုး တစ်ချက်ထုံကျင်သွားပြီး အာစေးမိသလိုဖြစ်သွားတာက ရိပေါ်ဖြစ်ပြီး အမဲခြောက်စပ်ကို ဟိုတို့ဒီတို့လုပ်နေတာက ရှောင်းကျန့် ..။

"အော် ... ခင်ဗျားတောင် ရည်းစားရပြီလား .."

"အသည်းက သဝန်တိုနေတာလား ..?"

ပြုံးထေ့ထေ့ဟန်က ရိပေါ်ကို လှောင်နေသလိုမျိုးပဲလား စနေတာပဲလားတော့ မခွဲချင်တော့ ..။

The Midnight Bar (Completed)Where stories live. Discover now