မြေအောက်စားသောက်ဆိုင် တစ်နည်း ..
အလှလေးဂေဟာ ..။မိန်းကလေးတော်တော်များများက ဆိုင်ထဲမှာ လူးလာ ကူးသန်းနေကြတယ် ..။
ဒီဆိုင်မှာ အစုံရနိုင်တယ် ...
မူးယစ်ဆေးကစလို့ မိန်းကလေးကိစ္စအထိ ...။"ဒါ လူ့အခွင့်အရေး ချိုးဖောက်ခြင်း ၊ ညှင်းပန်းနှိပ်စက်ခြင်းပဲ ..!"
"လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်နေတာတောင် တို့တွေက ဝင်ပါလို့မှမရတာ ... ဘာလို့ဆို ဒါက လူတွေရဲ့လောဘစိတ်နဲ့ သက်ဆိုင်နေတာလေ ..."
မှန်နိုင်တယ် ..။
လောဘစိတ်ကို စုပ်ယူနိုင်တဲ့ နတ်ဆိုးပန်းချီကားတွေက ဆိုင်နံရံမှာအစီအရီချိတ်ထားခြင်းခံရပြီး နတ်ဆိုးအငွေ့အသက်တွေကို မျက်နှာချင်းဆိုင် မိုးမျှော်တိုက်ရဲ့ ဟိုးအမြင့်ဆုံး ၁၃၆ ထပ်မှာထိုင်နေတဲ့ ရိပေါ်တောင် ခံစားမိတယ် ..။
သေချာပေါက် လူတွေကတော့ ဘယ်သိမလဲ ..။"ရှောင် ... Sean ရော .."
"ဟိုမှာလေ .."
Lucy မေးငေါ့ပြတဲ့ နေရာကိုကြည့်လိုက်တော့ ရှောင်းကျန့်ဟာ ကားအမည်းကြီးပေါ်က ဆင်းလာတဲ့ သူဌေးတစ်ယောက်ဖြစ်နေပြီ ..။
ညဘက်ကြီးကို နေကာမျက်မှန်အမည်းတပ်လာတဲ့ ဒီသေမင်းတမန်က နည်းနည်းလေးတော့ လွတ်နေတာ မဟုတ်ဘူးလား ...။"ဝါး .. ချောလိုက်တာ .."
ယွိချန်ဆိုတဲ့ကလေးမကပါ ပါးစပ်အဟောင်းသားနဲ့ ကြည့်နေတာမလို့ ပါလာတဲ့ ရမ်ပုလင်းအပြားလေးကို ထုတ်လို့သောက်ရင်း စိတ်တိုတိုနဲ့ပြောလိုက်ပါတယ် ..။
"ချောလည်း ညီမလေးနဲ့မှမဆိုင်တာ ဒါအကို့လူ .."
အီးမှန်သွားတဲ့ရုပ်နဲ့ ပေစောင်းစောင်းကြည့်နေတဲ့ ယွိချန်ကို ဂရုမစိုက်အားပါ ..။
လှမ်းကြည့်တော့ ရှောင်းကျန့်ကားပေါ်က လူတစ်ယောက်က မေ့နေတဲ့ကောင်မလေးတစ်ယောက်ကို ချီပြီး ဆင်းလာပါတယ် ..။
ကောင်မလေးတော့မဟုတ်ဘူး .. Lucy !
YOU ARE READING
The Midnight Bar (Completed)
FanfictionNothing much .. Just ZhanYi , alcohol and flirty words ...