ပွဲစည်နေတဲ့ Midnight ဟာ သန်းခေါင်ကျော်မှာတင် လူတွေပြည့်နေခဲ့ပြီ ..။
"Wang .. Shot အသေးတဲ့ .."
"Wang ... Mojito !"
စတဲ့အသံတွေနောက်မှာ Wang ကမအားရသေး ..။
လက်ချောင်းသွယ်သွယ်တို့က အရက်ပုလင်းတွေကို ကလေးကစားစရာလို သွဲ့ကာကစားနေလေရဲ့ ..။
"Wang ... Espresso Martini .. Kahlua ကိုသုံးပေး .. Coffee syrup ထက် ... ပိုပြီး .."
"ပိုပြီး" ဆိုတဲ့စကားကို ရမ္မက်ဆန်ဆန်ဆိုတဲ့ သက်လတ်ပိုင်းအမျိုးသမီးက ရှန်ဟိုင်းရဲ့ Goblin လို့ပြောလို့ရတဲ့ .. Hui ...။
အိုး .. ဒီအမျိုးသမီးဆီက သူတစ်ခုခုသိနိုင်တယ်မလား ..။
"ရစေရမှာပေါ့ Madam ! Kahlua ကိုသုံးမယ်ဆို ကြေးတော့ပိုကြီးမယ် .."
"Wang တောင်းတဲ့ကြေး တို့က တတ်နိုင်ပါတယ် ..."
ဆွဲညှို့နိုင်တဲ့အသံနဲ့ပြောလည်း ဒီလူဘယ်သူပိုင်လည်း သူတို့သိရဲ့သားနဲ့ ..။
ရှောင်းကျန့်သာရှိနေရင် ဒီအမျိုးသမီးနဲ့ ကွိုင်ပေဦးမယ် ..။
ခက်တာကရှောင်းကျန့်က လမ်းဆုံမှာ လူအစုတစ်စုလုံး သေဆုံးသွားတဲ့ အဆောက်အဦပြိုကျမှုမှာ ဝိဉာဉ်သွားစုနေရလေရဲ့ ..။သေမင်းတမန်အကြီးအကဲရှောင်းကျန့်က ကိုရီးယားကားထဲက သေမင်းတမန်နဲ့ လားလားမျှမတူ ..
လမ်းထိပ်က အန်တီကြီးဝိဥာဉ်ကောက်တာကစလို့ ဘုံကျောင်းမှာ အပနှင်တဲ့အထိ သူပါတယ် ..။
ရိပေါ်နဲ့လာတွေ့ရင်တော့ သူဟာ cool grim reaper လုပ်ပါသေးတယ် ..။Espresso Martini မှာ အချိုးအစားအဓိက ..
200ML ထက်ပိုရင် အူရိုင်းဆို မူးသွားနိုင်တယ်..
လေတရွှင်ရွှင်နဲ့ မူးမှသာ အရှေ့မှာထိုင်နေတဲ့ Hui ဆီက လိုအပ်တာတွေသိရမှာ ..။200 ကို တစ်ဝက်စီခွဲ ...
တစ်ဝက်က Vodka ..
တစ်ဝက်က Espresso ..
Espresso ကိုမှ နှစ်ပိုင်းပြန်ခွဲ .. Flavor နဲ့ fragrance ...
အဲ့တော့ 100ML က Vodka ..
50 ML က Espresso Coffee Syrup နဲ့ 50 ML က Kahlua ...။Y ပုံသဏ္ဍာန် ခွက်လှလှလေးနဲ့ ထည့်ပေးတော့ ရှေ့က Hui ဆီက "တော်လိုက်တာ" ဆိုတဲ့ အသံကိုကြားလိုက်ရတယ် ..။
YOU ARE READING
The Midnight Bar (Completed)
FanfictionNothing much .. Just ZhanYi , alcohol and flirty words ...