4 (U)

3.9K 588 12
                                    

စီတန်းထားတဲ့ ဝိုင်ပုလင်းတွေဟာ နှစ်အတော်ချို့နေပြီဖြစ်ပါတယ် ..။
တချို့ဆို နှစ်တစ်ထောင် သက်တမ်းရှိ ..
တချို့ဆို နှစ်လေးထောင် ...

ကမ္ဘာအကောင်းဆုံး ဝိုင်ဆယ်မျိုးဟာ ဘေးကစင်မှ အလှဆင်ပြသထားခြင်းခံရတယ် ..။

"Sauvignon Blanc ?"

ရိပေါ်ဟာ အဖြူရောင် shirt ကိုမှ တံတောင်ဆစ်အထိခေါက်ဝတ်ထားတာမို့ လက်မောင်းကသွေးကြောတွေဖြာထွက်နေတာက နေရောင်နဲ့ သိပ်လိုက်ဖက်တာပါပဲ ..
လည်ပင်းက bow အမည်းရောင်ရယ် waist coat အနက်ရောင်မှိုင်းမှိုင်းကလေးရယ်ဟာ ဝိုင်ပုလင်း မှိုင်းညို့ညို့တွေနဲ့ လိုက်ဖက်စွာ ..။

လက်ညှိုးလေးနဲ့ တတိတိ ပုလင်းတွေကို ပွတ်သပ်ရင်း တစ်နေရာရာရောက်တော့ ရိပေါ်ဟာ အံ့ဩတကြီး ထအော်ပါတယ် ..။

"သိတာလား ...?"

Ren က ကောင်တာပေါ်မှာ စာတချို့ရေးရင်း အလေးမထားတဲ့ လေသံနဲ့ လှမ်းပြောတယ် ..။

မသိပဲနေမလား ..

"ဝိုင်ဖြူ .. သူ့နာမည်ကို တိုက်ရိုက်ဘာသာပြန်ရင် savage တဲ့ ..နောက်တစ်မျိုးခေါ်တာက wild ..ပြင်သစ်နိုင်ငံ Loire ချိုင့်ဝှမ်းနဲ့ Bordeaux ကြားမှာ စိုက်ထားတဲ့ စပျစ်အဖြူနွယ်ပင်တွေကရတဲ့ စပျစ်သီးကို အချဉ်ဖောက်ထားတာ ..
မိခင်မျိုးရင်းက Cabernet Sauvignon Grape..
Alcohol percentage က 14 ရာခိုင်နှုန်း ...
သောက်ပြီးရင် ငြိမ့်ငြိမ့်ကလေးမူးတာ ..
Jin လို လေတိုက်တိုင်းမူးတာမျိုးမဟုတ်ဘူး .."

သူ့ရှင်းပြချက်အဆုံးမှာ Ren က ခေါင်းတစ်ချက်ငြိမ့်လို့ပြုံးပါတယ် ..။

"Midnight ရဲ့ ပိုင်ရှင်ကို လျှော့တွက်လို့မရဘူး
Sean ရဲ့ အသည်းလေးကို ပိုပြီးလျှော့တွက်လို့မရဘူးလို့ကြားထားတာ တကယ်အမှန်ပဲ .."

တစ်ဆိတ် ..
Sean ရဲ့ အသည်းလေးဆိုတာကပိုလွန်းမနေဘူးလား ..?
Midnight (Sean's အသည်းလေးပိုင်သည်) လို့ရေးထားတာမျိုးမဟုတ်ပဲနဲ့ လူတိုင်းက ရိပေါ်ကို Sean အသည်းလေးလို့ သိနေကြတာကြီးက မနှစ်မြို့တာမျိုးမဟုတ်ပေမယ့် ရှက်စရာကောင်းမနေဘူးလား ..?
Sean က "အသည်း" လို့ခေါ်တာတောင် ကြားရတာ နှစ်ငါးဆယ်ကျော်ပြီမို့ ရိုးသွားခဲ့တာ ..

The Midnight Bar (Completed)Where stories live. Discover now