Part 1

6.1K 198 7
                                    

(Unicode)

Airport ...!

ခါးထိရှည်သောနီညိုရောင်လှိုင်းတွန့်ဆံနွယ်များကို ပိုင်ဆိုင်ထားပြီး တီရှပ်အဖြူ ၊ ပေါင်လယ်လောက်ရှိသည့် နက်ပြာရောင်ဂျင်းဘောင်းဘီ ကိုဝတ်ကာ အနက်ရောင် ဂျာကင်အရှည်ကို အင်္ကျီအပေါ်မှထပ်ခြုံထားသော ကောင်မလေးတစ်ယောက် လေယာဉ်ပေါ်မှ ဆင်းလာကာ လေယာဉ်ကွင်းထဲသို့ မျက်စိကစားကြည့်လိုက်သည် ။

မရောက်ဖြစ်တာ ၄ နှစ်ကြာသွားသော်လည်း Korea မြေသည့် သူမအတွက် နွေးထွေးလျက်ရှိသည်ဟု ခံစားမိသည် ။

" Chaeyoung !!!! "

သူမနာမည်ကိုလှမ်းခေါ်နေသော အသံလာရာသို့ကြည့်လိုက်သောအခါ သူမအချစ်ဆုံးသူငယ်ချင်း Yuri နှင့် Na Ra ။ သူမပြုံးပြကာ လက်ဝှေ့ယမ်းပြလိုက်သည် ။ ပစ္စည်းတွေ ယူပြီးနောက် သူငယ်ချင်းနှစ်ယောက်ထံ အပြေးသွားလိုက်သည် ။

" Yuri , Na Ra ငါနင်တို့ကို အရမ်းလွမ်းနေတာ "

" အမလေး အပိုတွေပြောမနေပါနဲ့အေ "

" တကယ်ပါ "

" ကဲ လာ အပြင်မှာအေးတယ် ကားထဲသွားရအောင် "

ကားပေါ်သို့ရောက်သောအခါ Na Ra ကကားမောင်းကာ Yuri နှင့် Chaeyoungတို့က နောက်ခန်းတွင်ထိုင်လိုက်ကြသည် ။ ကားစထွက်သည်နှင့် Yuri က

" ဟဲ့ နင်တော်တော်ပြောင်းလဲသွားတယ်နော် Chaeng "

Chaeyoung ကိုသူမသူငယ်ချင်းများက Chaeng ဟုခေါ်ကြလေသည် ။

" ငါ ဘာပြောင်းလဲသွားလို့လဲ ?"

" ဆံပင်ပုံစံလည်း ပိုမိုက်လာတယ် ပြီးတော့ နင်ကအခု Cute type နဲ့မတူတော့ဘူးသိလား Hot type ပုံစံမျိုးပဲ "

" အမလေး မမြှောက်ပါနဲ့အေ နင်တို့ဖို့ လက်ဆောင်ပါပါတယ် "

" ပါရမှာပေါ့ မပါရင် Korea မလာနဲ့လို့မှာထားသားပဲကို "

" Na Ra ပြောပါဦး နင့်ကောင်လေး အကြောင်း Group chat ထဲမှာဆို မိုးမွှန်အောင် ပြောနေတဲ့ ကောင်မက အခုမှ ဘာလို့တိတ်နေတာလဲ "

Chaeyoung ပြောလိုက်တော့ သုံးယောက်သားရယ်မိကြသည် ။ Na Ra က နောက်ကြည့်မှန်ထဲကနေ Chaeyoung ကိုကြည့်လိုက်ကာ

For Chaeyoung 🖤 CompletedWhere stories live. Discover now