ကျန်းစီသည် "ဖန်တီးသူ၏ အလုပ်သင်လမ်းညွှန်" ဟူသည့် ဂိမ်းကို ဖန်တီးခဲ့သည်။ ပထမဆုံး နတ်မျိုးနွယ်ကို သူ ဖန်တီးသည်။ ထို့နောက် နဂါးများ၊ အရိပ်မျိုးနွယ်နှင့် နောက်ဆုံးတွင် လူသားမျိုးနွယ်ကို ဖန်တီးခဲ့သည်။ မတော်တဆမှုတစ်ခုကြောင့် သူဖန်တီးထားသည့် ဂိမ်းကမ္ဘာထဲသို့ ရောက်သွားခဲ့လေသည်။ မျိုးနွယ်စုခြောက်ခုက ဘယ်မျိုးနွယ်ကို သူသဘောအကျဆုံးလဲဆိုသည့် မေးခွန်းအတွက်နှင့် နှစ်ပေါင်း ၁,၇၀၀ တိုင် စစ်ဖြစ်ခဲ့ကြကြောင်း သိလိုက်ရတော့သည်။ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် စစ်ရေးအခြေအနေတွေကို ထိန်းသိမ်းဖို့ ကျန်းစီ ကြိုးကြိုးစားစားလုပ်ရင်း သူ့ရဲ့ နောက်ဆုံးပန်းတိုင်ကတော့ မျိုးနွယ်စုခေါင်းဆောင်ခြောက်ယောက်ထဲက တစ်ယောက်ကို နတ်ဘုရားအသစ်အဖြစ်ရွေးပြီး သူ့ကမ္ဘာကို ပြန်သွားနိုင်ဖို့ပါပဲ။
16 parts