hnin1485

First Love အမြဲ update စောင့်ဖတ်နေကျဆိုတော့ ပြီးသွားတော့
          မျှော်စရာ update မရှိတော့ Wattpad ဝင်ရတာကိုယ့်အတွက်ဟာတာတာနဲ့ တစ်ခုခုလိုနေသလိုဘဲရယ် 
          SkyNani Fan ficလှလှလေးတွေဖန်တီးပေးတဲ့ Cieloကို အရမ်းကျေးဇူးတင်ရကြောင်း❤️
          

neonabadbad

Hello သာသာ ! 
          
          သာသာ့ကို ဘယ်က​နေဆက်သွယ်ရမလဲမသိလို့ ဒီက​နေပဲဆက်သွး်လိုက်ပါတယ် ! သာသာတင်​ပေးထားတဲ့ Artwork ​​လေး​တွေကို facebook alblum မှာ သိမ်းလို့ရမလား​နော် ! သာသာ့ကို ချစ်လို့ သာသာ့ Fiction ​တွေနဲ့ သာသာ့ကိုသတိရတိုင်း​ရေးလို့​အောင် Whisper to Cielo ဆိုပြီး Alblum ​လေး အ​စောတည်းကလုပ်ထားတာပါ ! အခု Artwork ​လေး​တွေကိုလည်း သိမ်းလို့ရရင် သိမ်းချင်ပါတယ် ! Alblum  က public မို့ပါ ! ပြီး​တော့ IG နဲ့ X မှာ ကိုယ့်ရဲ့ ,Fan Account  ရှိပါတယ် ! Support ဖို့ဖွင့်ထားပြီး SkyNani ဆီက ဘာ Attention , Benefit မှ ​လောဘမတက်ချင်လို့ ​မြေးမ​လေးနာမည်နဲ့ဖွင့်ထားတာပါ ! SkyNani Smyle Neona အတွက် Trending , Food Support , BD Support ​တွေလုပ်​​ပေးပြီး သူတို့နာမည်​လေး​တွေနဲ့ လိုအပ်တဲ့​နေရာ​တွေမှာ ကိုယ်နိုင်သ​လောက် ကိုယ့်ဘတ်ဂျက်နဲ့ပဲ sharing လုပ်​​ပေးဖို့ရည်ရွယ်ထားတာပါ ! Jan မှာ စပြီး run ​နေပါပြီ ! အဓိက​မေးချင်တာ AI နဲ့ ပုံလှလှ​လေးလုပ်တာပါခ  Artwork ​တွေအပ်ရတာ ​စျေးအရမ်းမကြီး​ပေမယ့် Artwork ဖိုး မကုန်ရင် Donation and Sharing မှာပိုလုပ်နိုင်မှာမို့ပါ ! ကိုယ်က support ချင်လို့သာလုပ်ရတာ social media acc ​တောင်​​သေချာမသုံးတတ်​တော့ edit လည်းမလုပ်တတ်နဲ့ artwork ​တွေတန်းစီအပ်ရတာဖြစ်​နေလို့ပါ ! အဲဒါ​လေး သင်​ပေးပါ​နော်  ဒါ​လေး ၂ ခု​​ပြောပြခွင့်​တောင်းချင်လို့ပါ အ​ကြောင်းပြန်ပါဦး​​နော်

neonabadbad

@neonabadbad ​ကျေးဇူးအများကြီးတင်ပါတယ်​နော် Cielo ​ရေ  ​လော​လောဆယ်​တော့ ကျွမ်းကျင်​အောင် အရင်လုပ်ကြည့်ပါဦးမယ် ! အများကြီး​တော့မဟုတ်ဘူး ဥပမာ Follower Million ပြည့်တဲ့​နေ့တို့ ဒီ​နေ့လို Children's Day တို့လို​လေး​တွေမှာ လုပ်ချင်တာပါ ! မ​နေ့က​တော့ ခွန်စကိုင်းရဲ့ tiktok follower 1M ပြည့်တာကို chtgpt နဲ့ပဲလုပ်ဖြစ်လိုက်တယ်  ​သေချာ​လေး​ပြောပြ​ပေးလို့​​ရော artwork သိမ်းခွင့်​ပေးလို့​​​ရော ​ကျေးဇူးအများကြီးတင်ပါတယ်​နော် ! I love you na 
Rispondi

Cielo_N

@neonabadbad ​နောက် ကိုယ်တတ်နိုင်တဲ့နည်းလမ်း​လေးနဲ့ ​support ​ပေး​နေတယ်ဆိုတဲ့​စိတ်ထား​လေးအတွက် ​တကယ်လေးစားဂုဏ်ယူမိပါတယ်ရှင်။​ ​စေတနာကိုလည်း အတိုင်းသားမြင်ရပါတယ်ရှင်။ ဒုတိယအ​နေနဲ့ AI ရဲ့အကူအညီယူတာက​တော့ နည်းလမ်း​တွေအများကြီးရှိပါတယ်ရှင်။ ကိုယ်သုံးတဲ့ tool နဲ့ app ​တွေအ​ပေါ်မူတည်ပြီး သဲလွန်စ​ပေးရတာ၊ လမ်း​ကြောင်း​ပေးရတာမျိုး​တွေ ရှိတာ​ပေါ့​လေ။ AI visualization ​ပြုလုပ်ပုံတွေကို​တော့ tiktok တို့၊ youtube တို့က​နေ tutorial ကြည့်လို့ရမယ်ထင်ပါတယ်။ ကိုယ်​တော့ မရှာကြည့်ဖူး​​ပေမယ့် ​တော်​တော်များများက အဲဒီ့မှာ tutorial ​တွေ တင်​ပေးကြတတ်​တော့ တစ်ချက်ရှာကြည့်ပါလို့ အကြံပြုပါရ​စေရှင်။ ​
            နောက်ဆုံးအ​နေနဲ့ ကိုယ့်ကို အပြုသ​ဘော​ဆောင်တဲ့ အကြံ​သေး​သေး​လေး ​ပေးခွင့်ပြုပါနော်။ Artwork ဖိုး မကုန်ရင် donation နဲ့ sharing ပိုလုပ်နိုင်မှာမို့ AI ကို အသုံးပြုချင်တယ်ဆိုတဲ့ စိတ်ကူး​လေးက​ တကယ်လက်တွေ့ကျတဲ့၊ idol ကို support ရာမှာ ကိုယ့်ကိုကိုယ်လည်း အရမ်း ဝန်မဖြစ်စေတဲ့ မျှတတဲ့ အ​တွေး​လေးတစ်ခုပါ။ ဒါပေမဲ့ AI ကို အသုံးပြုတဲ့အခါ ကျင့်ဝတ်ပိုင်းဆိုင်ရာအရ အငြင်းပွားစရာလေးတွေ အမြဲရှိတတ်ပါတယ်။ ဒါ​ကြောင့် ​ပေါ့​ပေါ့ပါးပါးမဟုတ်ဘဲ အ​ရေးကြီးတဲ့ project ​တွေ ( မြန်မာfan​အ​နေနဲ့ ကိုယ်စားပြုရ​တော့မယ့် အားထုတ်မှု) အတွက်ဆိုရင်​တော့ IPR ​grey zone ဖြစ်​နေတဲ့ AI ထက် human artist တွေရဲ့ 100% ဖန်တီးမှု​လေး​ကိုပဲသုံးပါလို့ ကိုယ်က​တော့ အကြံပြုချင်တာပါ။ ဒီဘက်​ခေတ်မှာ AI ကို ​သေချာအသုံးပြုတတ်ဖို့ ​လိုအပ်လာသလို တစ်ဖက်မှာလည်း အဓိက,အချိန်​တွေအတွက် လူသား​တွေရဲ့ authentic ​skill တွေကို လိုအပ်​နေတုန်းပဲလို့ ကိုယ်မြင်လို့ပါရှင်။ 
            စာနည်းနည်းရှည်သွားမယ်ထင်တယ်ရှင်။ အချိန်​ပေးဖတ်ရှု​ပေးတဲ့အတွက် ​ကျေးဇူးတင်ပါတယ်ရှင်။✨️
Rispondi

Cielo_N

@neonabadbad မင်္ဂလာပါရှင်။ 
            
            Cielo_N အ​နေနဲ့ ကိုယ် ဒီ platform တစ်ခုပဲသုံးတာမို့ ဒီက​နေ ​မေးလို့ရပါတယ်ရှင့်။ အခု​မေးထားတဲ့နှစ်ချက်ကိုလည်း ကိုယ် ​ဖြေ​ပေးပါ့မယ်​နော်။ 
            ပထမဆုံးအ​နေနဲ့ ​artwork ​တွေကို သိမ်းချင်လို့ ခွင့်​တောင်းတဲ့အပြုအမူ​လေးအတွက် ကျေးဇူးတင်ပါတယ်ရှင်။ public album ဖြစ်​နေလည်း သိမ်းလို့ရပါတယ်။ Artwork ​တွေတိုင်းမှာ Fanfic name ကို watermark အဖြစ် ကိုယ်တပ်​ပေးထားတာမို့လို့ပါ။ တစ်ခုရှိတာက caption​ ​လေးများထည့်မယ်ဆို AI assisted artwork လို့ hastag ​သော်လည်း​ကောင်း၊ footnote အဖြစ်​သော်လည်း​ကောင်း ​သေချာထည့်သွင်း​ပေးဖို့ ​မေတ္တာရပ်ခံပါရ​စေရှင်။ ကိုယ့်ချည်းသီးသန့် ဆွဲထားတာမဟုတ်သလို AI ချည်းပဲလည်း မဟုတ်တဲ့အတွက်​ကြောင့်ပါ။ ( တကယ်လို့ Wedding Invitation card လေး​တွေကိုပါ တင်မယ်ဆိုရင် ဒါ​တွေဟာ fanfiction အရ ပုံ​​ဖော်ထားတာဖြစ်​ကြောင်း​ ​စာတစ်​ကြောင်း​လေးထည့်သွင်းပေးပါ​ရှင့်။ actor name ​တွေနဲ့မို့ ​ဘယ်သူ့ကိုမှ မထိခိုက်​စေချင်တဲ့အ​နေနဲ့ထည့်​တဲ့သ​ဘောပါ​နော်။ ) ​
Rispondi

PanMyatPhyu0

Cieloကိုလေ အရမ်းကျေးဇူးတင်တယ် ဘာလို့ဆို ကိုယ်စိတ်ညစ်နေတဲ့အချိန်တွေ စိတ်ရူပ်နေရတဲ့အချိန်လေးတွေမှာဆို ဒီလိုအေးအေးချမ်းချမ်း vibe မျိုးရတဲ့ စကိုင်းနာနီficလေးဖတ်လိုက်ရရင်ကို အလိုလို စိတ်အေးချမ်းတာ wp က notiလေးကျလာပီဆို Cieloရဲ့ update လေးဖြစ်ပါစေလို့ဆုတောင်းရတာလဲ အမောဘဲ ဟီးးဟီးး ခုနောက်ပိုင်းတောင်မှ cielo ရေးတဲ့ SN ficလေးတွေ ဖတ်ဖို့ဘဲ wpကို ဝင်ဖြစ်တာများတယ်..သာသာ့ဘက်ကလဲ ခုလို အလုပ်တွေနဲ့မအားရင်တောင် ဒီရပ်ဝန်းလေးကို သတိရပီး update လေးတွေ လာပြေးပြေးတင်ပေးလို့လဲ ကျေးဇူးးပါ
          နောက်ထပ်cieloရဲ့ SN ficအသစ်လေးကိုလဲ ရင်ခုန်စွာနဲ့စောင့်နေမယ်နော်...love you

Cielo_N

@PanMyatPhyu0  Ok kha ~ Love you to the moon and back na kha ✨️
Rispondi

MayHnin931993

Happy New Year ပါ Cielo ✨
          နှစ်သစ်မှာ စိတ်အနှောင့်အယှက်တွေကင်း‌ဝေးပြီး စိတ်ချမ်းသာကိုယ်ကျန်းမာနဲ့နေနိုင်ပါစေ
          ရည်မှန်းထားသမျှဟာတွေလည်းအကုန်ဖြစ်လာပါစေနော်
          (btw မေ့ကိုမျက်မှန်းတန်းမိရဲ့လားနော် တစ်ချိန်လုံး silence Reader လေးလုပ်လာတာ)

Cielo_N

@MayHnin931993 ဒီရပ်ဝန်း​သေး​သေး​လေးထဲ အမြဲရှိ​နေတဲ့လူ​တွေဆို ကိုယ်​သေချာမှတ်မိပါတယ်ရှင်။ နှစ်သစ်ဆု​မွန်​ကောင်းအတွက် ​ကျေးဇူးတင်ပါတယ်​နော်။ ​၂၀၂၆ ခုနှစ်ဟာ ​မေ့အတွက်လည်း ​နွေး​ထွေး​ပျော်ရွှင်မှု​တွေနဲ့ ခြံရံ​နေပါ​စေရှင်။ Wonderful New Year ပါ ​မေ။ ✨️
Rispondi

strawberriesruby14

Merry Christmasပါ သာသာ
          Silent Readerလေးမှ ကိုယ်ယောင်ထွက်ပြခြင်းပါ

Cielo_N

@strawberriesruby14 ​​​Oh Ho ! Christmas Wish ကို အခုမှ ​တွေ့မိတယ်ရှင်။ ​​​နောက်ကျ​သွားတာမို့ ကိုယ်က ​ပျော်ရွှင်စရာ နှစ်သစ်ဖြစ်ဖို့ ပြန်ဆု​တောင်း​ပေးပါတယ်​နော် ။ Welcome to 2026 with full of happiness na  ཻུ۪۪♡ও 
Rispondi