အခန်း ၃

849 38 0
                                    

အမှာင်ထုရဲ့ နောက်ကွယ်...
..................................

ကျွန်တော် ပင်ပန်းမှုနဲ့ ဘယ်လောက်တောင် အိပ်ပျော်သွားလဲမသိ...
နောကျောဘက်က ကြတ်သီးတဖြန်ဖြန်း ထသွားသလို ကျောမလုံတဲ့ခံစားချက်ကြောင့် အိပ်ယာနိုးလာရတယ်....

ကျွန်တော့မျက်လုံးတွေ လေးနေတုန်းပဲ မဖွင့်နိုင်သေးဘူး..စိတ်ထဲမှာလဲ ကျနော့ကို တစ်ယောက်ယောက်က စိုက်ကြည့်နေသလိုခံစားနေရတယ်လေ...

ကျွန်တော် အားအတင်း ယူပြီးမျက်လုံးဖွင့်ကြည့်လိုက်မိတယ်.. ကျွန်တော့ ကုတင်ဘေး နားက ကိုယ်လုံးပေါ်မှန်ချပ်ထဲမှာ ဝေဝေဝါးဝါးသော တစ်စုံတစ်ယောက်ကို ကျွန်တော် မြင်နေရသလိုပဲ...

ဘယ်သူလဲ...ကိုမိုးညလား...ဘာလို့ ဒီလောက်ရပ်ကြည့်နေရတာလည်း...

"ကို...ကြီးလား..."

ကျွန်တော် အိပ်ချင်မူးတူးအသံနဲ့မေးလိုက်မိတယ်..ဒါပေမယ့် ထိုသူ က မဖြေ ကြည့်မြဲတိုင်း ကြည့်နေတယ်လေ...ကျွန်တော့ မျက်လုံးတွေ ပြန်မှိတ်သွားတယ်...ပြီးနောက် အားယူပြီး ထပ်ဖွင့်ကြည့်လိုက်တော့..မှန်ထဲမှာ ဘယ်သူမှမရှိတော့...

ကျွန်တော်..စိုးရိမ်စိတ်နဲ့ လန့်ဖြန့်သွားပြီး မျက်လုံးတွေ ပြူးကျယ်သွားရကာ...ဆက်ကနည်း ထလို့ အခန်းဝကို ကြည့်မိလိုက်တယ်...

ဘယ်သူမှ မရှိ....

ကျွန်တော် အမြင်မှားတာလား...ဒါမယ့် ကျွန်တော် လူရိပ်ကို တစ်ကယ်မြင်ခဲ့ရတာ ပါ..အခု ဘယ်သူမှမရှိ....ကျွန်တော် ခေါင်းကို သာတစ်ဗြင်းဗြင်း ကုတ်လိုက်မိတဲ့ အဖြသ်...၎င်းနောက်..အိပ်ချင်မူးတူးဖြစ်နေတဲ့ မျကိနှာကို ခပ်ကြမ်းကြမ်း ပွတ်သပ်လိုက်ပြီး အသက်ကို ဝအောင် ရှူလိုက်ရတော့တယ်...ရင်ခုန်နှုန်းတွေ တစ်ဖြည်းဖြည်း ငြိမ်သွားအောင် ကြိုးစားလိုက်ပြီးမှ စားပွဲ ပုလေး ပေါ် တင်ထားတဲ့ နာရီလေးကို ကောက်ယူကြည့်မိလိုက်တယ်....

ညနေ(၇: ၂၈)မိနစ် ရှိနေခဲ့ပြီလေ....ကျွန်တော်...အိပ်ယာထက်က ထလိုက်ကာ ကြမ်းပြင်အောက် ပြန့်ကျဲနေတဲ့ အဝတ်အစားတွေထဲက..အင်္ကျီနဲ့ အတွင်းခံလေးသာ ကောက်ဝတ်လိုက်ပြီး
အခန်း အပြင်ဘက် ထွက်ကြည့်လိုက်တယ်...

PSYCHO TRAP (ZawGyi complete)Where stories live. Discover now