အခန်း ၉

395 31 1
                                    

မထင်မှတ်ပဲ ရောက်လာတဲ့ သေမင်း
............................................

ကျွန်တော် အံ့အားသင့်စွာ ကြည့်နေမိတုန်းမှာပဲ စူးရှရဲ့ ကားက လမ်းတစ်ဝက်မှာ ရပ်လိုက်ပြီး ကားတံခါး ဝုန်းကနည်း ပွင့်လာကာ အထဲက စူးရှတစ်ယောက် ပြေးထွက်လာပါတော့တယ်...

ကျွန်တော် စကားတစ်လုံးမှမထွက်နိုင် သေးခင်မှာပဲ စူးရှက ကျွန်တော့ဆီ ပြေးလာပြီး..တင်းကြပ်စွာဖက်ထားမှုကို ခံလိုက်ရပါတော့တယ်...
ကိုမိုးညက တော့ အခြေအနေကို အကဲခက် ကြည့်နေရင်းမှ..ကိုဖိုးသာက စိုးရိမ်တစ်ကြီးပြေးလာဖို့ လုပ်တာ မြင်လိုက်ရတော့ လက်ကာဟန့်တာလိုက်ပြီး...

"ကိုဖိုးသာ သွား ကို့နေရာကိုပြန်တော့.."လို့ ပြောလိုက်တော့ ကိုဖိုးသာရဲ့ ခြေလှမ်းတွေ ရပ်သွားပြီး ကျွန်တော့ကို စူးရှ တဲ့ အကြည့်တွေနဲ့ တစ်ချက်ကြည့်ကာ...လှည့်ထွက်သွားပါတော့တယ်...ကိုဖိုးသာ ဂိုလ်ထောင်ထဲဝင်သွားပြီဆိုမှ..ကျွန်တော် ရုတ်တရက် အသိဝင်လာပြီး..ကျွန်တော့ကို ဖက်ထားတဲ့ စူးရှရဲ့ ခန္ဓာလေးကို တွန်းကန်ဖယ်ထုတ်လိုက်ရတယ်...

"စူးရှ..ဒါဘာလုပ်တာလဲ..မင်းနဲ့ ငါ့ရဲ့ ဇတ်လမ်းက ပြီးနေပြီလေ..မင်းဒီနေရာကို ဘယ်လိုသိတာလဲ...ဟမ်..."

ကျွန်တော့ စကားကြားတော့ စူးရှ မျက်ရည်အဝိုင်းသားနဲ့ ခေါင်းခါပြလိုက်ပြီး...

"ဟင်အင်း...ဟင်အင်း...မဟုတ်ဘူး..မပြီးသေးဘူး ကိုကို..စူးရှ ကိုကို့ကို ချစ်တယ်..စူးရှ ကိုကို့ကို အဆုံရှုံးမခံနိုင်ဘူး...လာပါကိုရယ်..စူးရှနဲ့ ပြန်လိုက်ခဲ့ပါ...စူးရှ...စူးရှ တောင်းပန်ပါတယ် စူးရှဘက်က မှားခဲ့သမျှလဲ ပြင်ပါမယ် အရင်ကထက်လဲ ပိုချစ်ပါ့မယ့် နော်...နေိာကိုကို.."

ပြောလဲ ပြော စူးရှက ကျွန်တော့ လက်ကို ဆွဲခေါ်နေတာကြောင့်...ကျွန်တော် လက်ကိုရုန်းထွက်လိုက်ပြီး...

"တော်တော့ စူးရှ...မင်း အရမ်းလွန်းလာပြီ...မင်းကိုငါ အပြတ်သားဆုံးပြောပြီးပြီနော်...မင်းနဲ့ ငါက လုဝမဖြစ်နိုင်တော့ဘူး..ငါ့မှာ ကိုမိုးည ရှိတယ်..ကိုမိုးညကို ပဲ ငါလက်တွဲမယ်...ပြီးတော့ ဒါ ကိုမိုးညရဲ့ အိမ် မင်းအရှက်လဲ ရှိဦး စူးရှ.."

PSYCHO TRAP (ZawGyi complete)Where stories live. Discover now