အခန်း ၁၁

358 29 0
                                    

မေးခွန်းပေါင်းများစွာ
..........................

ကျွန်တော် အံ့အားသင့်စွာ ကိုသန်းထိုက်ကို ကြည့်မိလိုက်တော့...
ကိုသန်းထိုက်က သူထင်ပါတယ်ဆိုတဲ့ အမူအရာနဲ့ ပုခုံးတွန့်ပြီး ခေါင်းငဲ့ ပြတယ်....

"ဟုတ်တယ်ညီ..ပြောရမယ်ဆိုရင် မိုးခဟာ လွန်းခဲ့တဲ့ ဆယ့်ငါးနှစ်ကတည်းက သေပြီးသားသူ..ဒါကိုညီက ကိုယ်တိုင်မြင်ခဲ့ရတယ်လို့ ဆိုနေပြီဆိုရင် တစ်ခုခုတော့ လွဲနေပြီမဟုတ်လား..."

"အ..အဲ့ဒီလိုမဟုတ်..."

"နေဦးညီ..ကိုဆက်ပြောဦးမယ်..."

ကျွန်တော် တစ်ကယ်မြင်ခဲ့ရတာမို့ ပြောမလို့ ပါးစပ်ဟမိတုန်း ကိုသန်းထိုက်က လက်ကာပြပြီးနောက်...ဆက်ပြောဦးမယ်လို့ ဆိုလိုက်တော့ ကျွန်တော် ငြိမ်ကြသွားရသလို...ခေါင်းထဲမှာလည်း နားမလည်နိုင်သော ပုစ်ဆာပေါင်းစုံ ရောထွေးသွားရတော့တယ်...

"ကိုပြောခဲ့သလို စူးရှရဲ့ အမူကိစ္စဟာ လမ်းစရှာမရအောင် ပျောကိဆုံးနေခဲ့တာမဟုတ်ဘူးညီ..တစ်ကယ်တော့ ကိုတို့ သဲလွန်းစကြီးကြီးနှစ်ခုရခဲ့တယ်..အဲ့ဒါဘာလဲဆိုတော့..စူးရှကို သတ်တဲ့ တရားခံဟာ..ညဝတ်အင်္ကျီ ခရမ်းရောင်ကို ဝတ်ဆင်ထားခဲ့ပြီး...အရမ်းထက်တဲ့ ဒါးတိုတစ်ချောင်းနဲ့ စူးရှကို သွေးအေးအေး သတ်သွားခဲ့တယ်ဆိုတာပါပဲ..."

ကျွန်တော်ပါစပ်အဟောင်းသားဖြစ်သွားရတယ်..ညဝတ်အင်္ကျီခရမ်းရောင်နဲ့လူသတ်သမားတဲ့...

"ဒါဆို ကိုသန်းထိုက်ဆိုလိုချင်တာက ညဝတိအင်္ကျီခရမ်းရောင်ဝတ်ထားလို့ ကိုမိုးညလို့ဆိုလိုတာလား..မဖြစ်နိုင်ဘူးထင်တယ်နော်..ကိုမိုးညက ကျွန်တော်နဲ့ တစ်ညလုံးအတူတူရှိနေတာ ကျွန်တော်အသိပဲ..."

ကျွန်တော့ စကားကို ကြားတော့ ကိုသန်းထိုက်ရဲ့မျက်ခုံးတွေ တွန့်ကွေးသွားတဲ့အထိ ဖြစ်သွားပြီး...

"ကျွစ်စ်.. ဟုတ်တယ်..အဲ့ဒီအလီဘိုင်ကို ကိုမငြင်းဘူး..သေသူရဲ့ သေဆုံးချိန်က လွန်းခဲ့တဲ့ ဆယ်ခြောက်နာရီခန့်ကလို့ ဆေးအဖြေထွက်ထားတယ် ဆိုတော့ကာ အခု နေ့လည် ဆယ်တစ်နာရီ ဆိုတော့ လွန်ခဲ့တဲ့ မနေ့က ညနေ ခုနှစ်နာရီနဲ့ ရှစ်နာရီဝန်းကျင်မှာ သေဆုံးတာပေါ့ကွာ..အဲ့ဒီအချိန်မှာ ညီက သူ့ကိုဆေးထည့်ပေးပြီး အိပ်သေးမှာမဟုတ်ဘူး ဂရုတစ်စိုက်ရှိနေမှာပဲ သူလည်း ချက်ချင်းသွားချက်ချင်းပြန်လာရအောင်လည်း ခရီးက နီနီးလေးမဟုတ်ဘူး ဒီတော့ အဲ့အလီဘိုင်ကို ကိုယုံကြည်တယ်..ဒါမယ့်.."

PSYCHO TRAP (ZawGyi complete)Where stories live. Discover now