အခန်း ၆

494 34 1
                                    

(အချစ်ဟောင်း နဲ့ တွေ့ဆုံခြင်း..)

ကျွန်တော်....အင်္ကျီ ကြယ်သီးလေး ကို အပြီး သတ်တပ်လိုက်ပြီးတော့..
မှန်ကို တစ်ချက် ကြည့်လိုက်တယ်...ကျေနပ်သွားရပါတယ် အရင်လိုဟော့ဟော့ရမ်းရမ်း စတိုလ်တွေ မဝတ်ဖြစ်တော့ဘူး...ကိုမိုးညက လူကျွီး လူကောင်းပီသနေတော့...ကျွန်တော်လည်း..သူနဲ့ လိုက်ဖက်အောင် ဝတ်စားတတ်ရမယ်လေ..ဟုတ်တယ်မဟုတ်လား...ဒါကြောင့်..ရှပ်ကလေး နဲ့ စတိုလ်ပန်လေး ပဲ ရွေးချယ်ဖြစ်လိုက်တယ်..ဒီနေ့ ပုသိမ်မြို့ထဲသွားမယ်...မုန့်တွေစားမယ် လျောက်လည်မယ်လေ...

မှန်ကို နောက်ဆုံးအကြိမ် သေချာ ကြည့်လိုက်ပြီးမှာ ကျွန်တော် အခန်းအပြင်ဘက်ထွက်ပြီး...ကိုမိုးညအခန်းရှိရာကို လျောက်သွားလိုက်မိတယ်...ကိုမိုးခ ရဲ့ အခန်းလေး ဟနေတာကိုလည်း သတိထားမိလိုက်ပါတယ်လေ...ကြည့်ရတာ ကိုမိုးခ အခန်းထဲမှာမရှိဘူးနေမှာပါ....

ကျွန်တော် ကိုမိုးညရဲ့ အခန်းတံခါးလေးကို ခေါက်ကြည့်လိုက်တယ်..ခဏကြာတဲ့ အထိ တုန်ပြန်မှုမရှိ..ဒါကြောင့်..ထပ်ခေါက်ကြည့်ပြီးနားနဲ့ ကပ်ကာ နားထောင်ကြည့်တော့ ရေကျသံသဲ့သဲ့လေးကို ကြားလိုက်ရတယ်..
ကိုမိုးည..ရေချိုးနေတာ ဖြစ်မှာပါ..ဒါကြောင့်...စင်္ကြန်အတိုင်းပြန်လျောက်လာခဲ့လိုက်တယ်..
ဧည့်ခန်းထဲမှာပဲ စောင့်လိုက်တော့မယ်ဆိုတဲ့ အတွေးနဲ့လေ....

ကျွန်တော် လှေကားအတိုင်း ဆင်းလာမိလိုက်ရင်း ရုတ်တရက်နားထဲ ခဲ့သဲ့သဲ့ ဝင်လာတဲ့ စကားသံအချို့ကြောင့် ခြေလှမ်းတွေ ရပ်သွားသေးတယ်....သေချာလဲ နားစိုက်ထောင်ကြည့်လိုက်မိတယ်...

"ကိုဖိုးသာ..ခများ ညက အပြင်ထွက်တယ်ဆို..."
"ဟို...ဟို..အဲ့ဒါ..."
"ဟိုတွေ အဲ့ဒါတွေ လုပ်မနေနဲ့ ခများကို ကျွန်တော် ဘာမှာထားခဲ့လဲ.."

တစ်ယောက်ရဲ့ အသံက ကိုမိုးညအသံနဲ့တူသလိုလိုရှိနေပမယ့် နဲနဲ မာထန်နေသလို...ကိုဖိုးသာရဲ့အသံကလည်း အရမ်းကြောက်ရွံ့တုန်လှုပ်နေသလိုမျိုး တုန်ရီ ထစ်အနေခဲ့တယ်..ကျွန်တော် ခပ်ဖွဖွလေး ဆင်းလာပြီး ဆက်နားထောင်နေမိလိုက်တယ်လေ...

"ဟုတ်..ဂိုလ်ထောင်ထဲမှာပဲနေပါ မလိုအပ်ပဲ အပြင်မထွက်နဲ့..."
"အေး..အဲ့ဒါကို အပြင်ထွက်လာတယ်ဆိုတော့ ဘာလဲ ကျွန်တော့ကို အာခံတာလား..စကားနားမထောင်တာလား..."
"ဟို..အဲ..အဲ့လိုမဟုတ်ပါဘူး..ကိုကိုကြီးရယ်..."
"ဒါဆိုဘာလို့ လုပ်လဲ..ပြီတော့ ခများ အိမ်မှာ ရှိတဲ့ ညီညီ့ရဲ့ ဧည့်သည်ကိုလည်း ထွက်သွားဖို့ပြောတယ်ဆို..ညီညီ ကျုပ်ကို အကုန်ပြောပြတယ်...ခများကို အပြစ်မပေးတာကြာနေလို့ ဂျိုကြွတာလား..ဒီပုံအတိုင်းဆို ခများကို ကျုပ်အပြစ်ပြန်ပေးရလိမ့်မယ်.."

PSYCHO TRAP (ZawGyi complete)Where stories live. Discover now