အခန်း ၁၂

394 30 1
                                    

စွန့်စားခြင်းတစ်ခုရဲ့ ရလာဒ်
...................................

ကျွန်တော် အိပ်နေရာမှ မျက်လုံး များကို ဖျက်ကနည်းဖွင့်လိုက်တယ်...အရာအားလုံးက တိတ်ဆိတ်ငြိမ်သက်လို့..
ပြီးတော့ ကျွန်တော်..အိပ်ယာထက်မှ ထလိုက်ပြီး...စားပွဲပေါ်က နာရီကို ယူကြည့်လိုက်တော့...(01:30 pm). ..

အချိန်ကောင်းပဲလေ..အခုဆိုး အားလုံးအိပ်ပျော်နေကြပြီ ထင်တာပဲ ကိုမိုးညကိုလည်း ကျွန်တော် သူသောက်မယ့် နွားနို့ခွက်ထဲ အိပ်ဆေးခပ်ခဲ့ပြီး ပြီ.....ဒီတော့ ဒိီအချိန်က ကိုမိုးခ အခန်းထဲကို ဝင်ဖို့ ကျွန်တော့ အတွက် အချိန်ကောင်းပဲလေ...

ကျွန်တော် အိပ်ယာကနေ ချက်ချင်း ကောက်ထလိုက်ပြီး...အပေါ်အောက် အမဲရောင်ဝမ်းဆက် ဝတ်လိုက်တယ်...ဒါမှာ ညအချိန် ဆိုဖုံးကွယ်ပြီးသားဖြစ်နေမှာပေါ့..ပြီးတော့ ခြေအိပ်ထူထူလေး တစ်စုံ ဝတ်လိုက်တယ်..ဒါက ခြေသံလုံဖို့အတွက်လေ ဖိနပ်ထူထူကြီးတွေကလည်း ဒီလို အိမ်မျိုးမှာ ဆို အသံကျယ်ကျယ်ထွက်တတ်တယ်..ညအချိန် ဒီလိုအိမ်မျိုးမှာဆိုရင် ခြေအိပ်ထူထူက ခြေသံလုံဖို့အသင့်တော်ဆုံးပဲလေ...ပြီးတော့ နောက်ဆုံးအနေနဲ့ ကျွန်တော် လက်လေးလုံးခန့်သာအရှည်ရှိတဲ့ ဓာတ်မီးလေး ကို စမ်းသပ်ကြည့်လိုက်တယ်လေ...

အားလုံး အဆင်သင့်ဖြစ်တော့ ကျွန်တော် အခန်းကို မီးပိပ် တံခါးကို အသာဟကာ ခြေသံ မကြားအောင် ဖြည်းဖြည်းချင်း ထွက်လိုက်တယ်..
ပတ်ဝန်းကျင်ကို.ခေါင်းပြူပြီး စူးစမ်းကြည့်တော့ အရာအားလုံး တိတ်တိတ်ဆိပ်ဆိပ် သာ...ဒါနဲ့ကျွန်တော် တံခါးကို အသာပိပ်ပြီး..ခြေဖွဖွနင်းကာ ကိုမိုးခရဲ့ အခန်းထဲကို လျောက်လိုက်တယ်..လမ်းမှာ ကိုမိုးညရဲ့ အခန်းကို ဖြတ်ရတာမို့...ကျွန်တော် ခြေလှမ်းလေး ရပ်လိုက်ပြီး...တံခါးဘုကို အသာလေး လှည့်ကြည့်တော့ တံခါးက ပွင့်သွားတယ်လေ...

ကျွန်တော် မြင်သာရုံသာ အသာလေး..ဟကြည့်မိလိုက်တော့ ညမီးရောင် မှိန်းမှိန်လေး အောက်မှာ နှစ်ခြိုက်စွား အိပ်ပျော်နေတဲ့ကို မိုးည ကို တွေ့လို့ရတယ်...(တောင်းပန်ပါတယ် ကိုကြီးရယ် ညီ မဖြစ်သာလို့ သာလုပ်ရတာပါ...)လို့ သာ စိတ်ထဲက ပြောရင်း တံခါးကို အသာလေး ပြန်ပိပ်ကာဖြင့် အဓိကအခန်းဖြစ်တဲ့ ကိုမိုးခရဲ့ အခန်းထဲကို ပဲအာရုံ စိုက်ကာ ချဉ်းကပ်လိုက်တော့တယ်လေ....

PSYCHO TRAP (ZawGyi complete)Where stories live. Discover now