အခန်း ၈

417 30 0
                                    

သူရယ် ကျွန်တော်ရယ် အရူးတစ်ယောက်ရယ်
.......................................................

ည ၁၀ နာရီ ရှိပြီ...
ကျွန်တော် အိပ်လို့မရသေး...ကုတင်ထက် လူးလှိမ့်ရင်း...နေ့လည်က ကိုဖိုးသာရဲ့ စာအကြောင်းကို စဉ်းစားနေလိုက်မိတယ်...
အမွှာနှစ်ယောက်ထဲက တစ်ယောက်က ရူးနေတာတဲ့လေ...ဘယ်သူ့ကို ဆိုလိုနေတာလဲ...ကိုမိုးည လား...မဖြစ်နိုင်ပါဘူး...ကိုမိုးညကိုကြည့်ရတာ စိတ်ရောဂါဖြစ်နေပုံ လုံးဝမပေါ်တာ...ဒါဆို ကိုမိုးခလား...ဒါလည်း မဖြစ်နိုင်ပြန်ဘူး...ကိုမိုးခသာ စိတ်ရောဂါရှိနေရင် ဒီအချိန် ကျွန်တော့ကို တစ် ခုခု လုပ်ပြီးနေပြီပေါ့...

ပြီးတော့ ကိုမိုးည ကလည်း ပြောပြဖူးတယ်..ကိုဖိုးသာက စိတ်ရောဂါရှိနေတာတဲ့လေ...ဒါဆို ရူးနေတဲ့ သူရဲ့ ပြောစကားကို ကျွန်တော် ယုံကြည်နေလို့ ဖြစ်သင့်လား...တွေးလေ တွေးလေ...ခေါင်းထဲအဖြေကမရ...ခေါင်းတောင် မူးချင်သလိုလို ဖြစ်လာရတယ်လေ...ဒါနဲ့ ကုတင်ထက်က အသာလေး ထလို့..ရေးသောက်ဖို့ အခန်းထဲက ထွက်လာလိုက်တယ်...

မပြင်ရောက်ပြီ ဆိုတာနဲ့ မျက်လုံးတွေက ကြိုမတွေးထားပါပဲ..ကိုမိုးခရဲ့ အခန်းစီရောက်သွားရတယ်...တံခါးက ဟနေပြန်တယ်လေ..အထဲမှာ ညအိပ်မီးရောင်လေး ကလွဲ အရာရာမှောင်ဝါးဝါးရယ်..ပြီးတော့ နားထဲမှာ စကားပြောသံအချို့ကြားနေရလိုက်တော့...ကျွန်တော့ ခြေလှမ်းတွေ ဦးတည်ချက်ပြောင်းသွားရတယ်...တစ်ဖြည်း ဖြည်း ကိုမိုးခ အခန်း ရှိရာစီ သွားလိုက်မိတယ်လေ...

"ညီညီ မင်းသေချာလို့လား..သူနဲ့ အဲ့ကောင်လေးက တစ်ကယ် ရှင်းလင်းသွားပြီလို့ မင်းထင်နေလို့လား..."
"အော်ကိုကိုရယ်...တစ်ကယ်ပါဆို..ညီညီ ညီညီ့ချစ်သူကို ယုံတယ် သူ ညီညီ့ကို လိမ်မှာမဟုတ်ဘူး..."

ကျွန်တော့ ခြေလှမ်းလေးတွေ တန့်သွားရတယ်..သူတို့ ပြောနေတာ ကျွန်တော့ အကြောင်းပဲ ကိုလေ...

"ပြီးရောလေ..ဒါပေမယ့် ညီညီ လူတွေကို သိပ်မယုံကြည်ဖို့ ကိုကိုမှာချင်တယ်...ညီညီလည်း သိသားပဲ ကိုကိုတို့ ဘယ်လောက်ထိ နိုပ်စက် ခံခဲ့ရတယ်ဆိုတာကို..."
"အော်..ကိုကိုရယ်..ပြီးခဲ့တာလဲ ပြီးပါပြီ ပထွေးလည်း ကိုကိုလက်နက် သေသွားပြီမဟုတ်လား...အတိတ်တွေကို ထားခဲ့လိုက်ပါတော့ဗျာ.."

PSYCHO TRAP (ZawGyi complete)Where stories live. Discover now