မဖိတ်ခေါ်ပဲ လာတဲ့ ဧည့်သည်
.....................................တီး တီး! !!!
ခြံဝမှ ကားဟွန်းတီးသံကြောင့် ကျွန်တော် ခြံဝဘက်ကို မျှော်ကြည့်လိုက်မိတယ်..စိတ်ပူစွားနဲ့ပေါ့...ကားဟွန်းသံ ကြားရင် ကြောက်နေမိပြီလေ...ကိုဖိုးသာက ခြံတံခါးကို အပြေအလွှားသွားဖွင့်ပေးလိုက်တော့...ကားတစ်စီးဝင်လာတယ်..
ကျွန်တော် အံ့ဩသွားရတယ်လေ..ဝင်လာတာက ရဲကားတစ်စီးဖြစ်နေတာကို...ကားက ခြံဝင်လေးထဲဝင်လာပြီး စင်ဝင်အောက်ရပ်သည်အထိ ကျွန်တော် ကြောင်ပြီးကြည့်နေမိတဲ့ အဖြစ်..ဘာကိစ္စမှန်းလဲမသိလေ...
ကားက စင်ဝင်းအောက် ရပ်သွားတော့...ကားထဲက လူနှစ်ဦး ထွက်လာတယ်..ရဲဝတ်စုံတွေနဲ့ ပေါ့...တစ်ဦးက ကျွန်တော့ကို တွေ့တာနဲ့ ပြုံးပြပြီး...
"ဟလို...ညီလေး..ဒီအိမ်ပိုင်ရှင်က ဘယ်သူလဲဗျ..."တဲ့...
"ဟို...ကို..ကိုမိုးည တို့အိမ်ပါ..ဘာကိစ္စရှိလိုလဲ မသိဘူး..."လို့ ကျွန်တော်လည်း အလိုက်သင့် ဖြေရင်း ပြန်မေးမိလိုက်တော့...
"အော်..ဟုတ်ပြီ ညီလေး..ကိုတို့ က မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကပါ ဒါနဲ့ ညီလေးနမည်က..."
"အော် ဟုတ်ကဲ့ အိမ်ထဲဝင်ပါဦးခမျ...ကျွန်တော်က ဒီအိမ်ရဲ့ ဧည့် သည်ပါ မင်းဓနလို့ ခေါ်ပါတယ် ခမျ..."
ကျွန်တော့်ပြန်ဖြေတာကို ကြားတော့ ထိုရဲ့ကြီး က အိမ်ထဲဝင်လာရင်း ဧည့်ခန်းမှာ ထိုင်ကာ ဝမ်းသာသွားသော အမူအရာဖြင့်....
"ညီလေးက မင်းဓန လား...အတော်ပဲကွာ ကိုက ဒုရဲအုပ် သန်းထိုက်ပါ ပုသိမ်မြို့နယ်ရဲစခန်းကပေါ့....လာရင်းကိစ္စကတော့...စူးရှဆိုတဲ့ ကောင်လေးတစ်ယောက်ကိုများ ညီသိသလား..."
ကျွန်တော် မျက်လုံးလေးတွေဝိုင်းသွားရတယ် စူးရှတဲ့ စူးရှက ဒီရဲ နဲ့ ဘာတွေပက်သက်နေပြန်တာလဲ မသိ...
"ဟုတ်..ဟုတ်..သိသိပါတယ်..သူနဲ့ ကျွန်တော်က သူငယ်ချင်းမိတ်ဆွေတွေပါ...ဘာဖြစ်လို့လဲ ကိုသန်းထိုက်ခမျာ..."လို့သာ အတွေးတစ်ဝက်နဲ့ မေးလိုက်မိတော့...ထို ဒုရဲ အုပ်က သက်ပြင်း ချလိုက်ပြီး....
YOU ARE READING
PSYCHO TRAP (ZawGyi complete)
Terrorစိတ်ဆဇထောင်ချောက်တစ်ခုထဲကိုယ်တိုင်ရောက်သွားသလိုခံစားမှုရချင်ရင် ဒီficလေးကိုဖတ်ဖို့ တိုက်တွန်းလိုပါတယ်ဒါပေမယ့် 18+နော်