အခန်း ၇

431 41 0
                                    

အချစ်ဟောင်းနဲ့ တွေ့ဆုံခြင်း (၂)
........................................

"ကိုကို ဒါက ဘာလုပ်နေတာလဲ..စူးရှမှာတော့ ကိုကို ပုသိမ်ကိုရောက်နေတာသိတာနဲ့ ကိုကို့ကို တွေ့ချင်လို့ လိုက်ရှာလိုက်ရတာ..ကိုကိုက စူးရှကို အဆက်အသွယ်တောင်မလုပ်ပဲ ပြစ်ထားပြီး...အခု ဒီမှာ သာယာနေတယ်ဟုတ်လား..."

ကျွန်တော်..ခေါင်းတွေထူပူသွားရတယ်..စူးရှရဲ့မျက်လုံးတွေက ကိုမိုးညကို တစ်ချက်တစ်ချက်ကြည့်ပြီး စည်းလွတ်ဝါးလွတ်ပြောနေခဲ့တာလေ..ကိုမိုးညကို ကြည့်မိတော့ အေးအေးဆေးဆေးပါပဲ ခြေလေး ချိတ်ထိုင်လို့ မျက်မှန်အောက်ကနေ စူးရှကို ပြုံးပြုံးလေး ကြည့်နေတယ်...

"စူးရှ..မင်းစကားတွေ ပြင်စမ်း..မင်းကို ဘယ်သူက လိုက်လာခိုင်းလို့ လိုက်လာရတာလဲ ဟမ်...ငါဘယ်သွားသွား ဘာလူပ်လုပ်မင်းကို သံတော်ဦးတင်နေရအောင် မင်းနဲ့ ငါက ဘာဆိုင်တော့လို့လဲ...မင်းစကားကို ဆင်ဆင်ချင်ချင်ပြော..." လို့ ဆိုလိုက်တော့...စူးရှက ကျွန်တော့ကို မျက်လုံးဝိုင်းလေးတွေနဲ့ ကြည့်လာပြီး...

"မပြောနိုင်ဘူး ကိုကို..မသိစေချင်ရင်..အစကတည်းက ကားပျက်နေပါတယ်ဆိုတဲ ပုံကြီး facebook ပေါ်တတ်မလာပါနဲ့လား..အေး..ကိုကိုက မဆိုင်တော့ဘူး ဆိုပေမယ့်..စူးရှကတော့ ကိုကို့ကို ဆိုင်ချင် ပိုင်ချင်နေတုန်းပဲ...စူးရှ ကိုကို့ကိုချစ်နေတုန်းပဲ ဗျ...နားလည်လား..."

စူးရှရဲ့ အသံက အနည်းငယ်ကျယ်လောင်သွားတော့..ပတ်ဝန်းကျင်က လူအချို့ရဲ့ မျက်လုံးတွေပါ ကျွန်တော်တို့ဆီ ကျရောက်လာတယ်လေ..
ကျွန်တော်...ရှက်စိတ်တွေနဲ့ ထူပူသွားခဲ့ရတယ်...

"မင်း..မင်း...."
"ကဲ..ညီ..ညီတို့ ကိစ္စက သေချာရှင်းရမယ်နေမယ်..ကို ကားထဲက စောင့်နေမယ်နော် ဟုတ်ပြီလား..."

ကျွန်တော် ပြောမလို့ စကားစလိုက်ရုံပဲရှိသေး..ကိုမိုးညက..ထိုင်ရာမှထလာပြီး..ဝင်ပြောလိုက်တာကြောင့် ကျွန်တော့စကားစတွေပြတ်သွားရတယ်လေ..ကိုမိုးညကို အားနာ သော အကြည့်နဲ့ ကြည့်လိုက်မိတော့...နားလည်ပါတယ်ဆိုတဲ့သဘော ကျွန်တော့ပုခုံးလေးကို ခပ်ဖွဖွလေး ပုတ်ပြီး ထွက်သွားခဲ့တယ်..ကိုမိုးည ဆိုင်အောက်ဘက်ဆင်းသွားမှ..ကျွန်တော် ဒေါသတစ်ကြီး စူးရှကို ကြည့်လိုက်ကာ...

PSYCHO TRAP (ZawGyi complete)Where stories live. Discover now