ငရဲခန်းမှ ကောက်ရိုးတစ်မျှင်
...................................ကျွန်တော့ နားထဲမှာ လေသံလှိုင်းသံတွေကြားနေရတယ်...
ပြီးတော့ ကျွန်တော့ မျက်ဝန်းထဲ အလင်းစူးစူးတွေ ဝင်လာနေတယ်လေ..
ကျွန်တော် မျက်လုံးဖွင့်ကြည့်လိုက်မိတယ်...ပထမဆုံးတွေ့ရတာက လုံးဝဖြူစွပ်နေတဲ့မျက်နှာပြင်..မြူခိုးလို အဖြူရောင် အခိုးအငွေ့တွေနဲ့...ပိပ်ပိပ်ဖုံးနေတယ်လေ...ပြီးတော့ ကျွန်တော့ လက်ကို အေးစက်စက် အရည်တစ်ချို့ထိခပ်ခြင်းခံလိုက်ရတာကြောင့်..ကျွန်တော်...ထထိုင်ပြီး ကြည့်လိုက်မိတော့...
အဖြူရောင် ပိန်းပိတ်နေတဲ့ မြူခိုးတွေ ကြားထဲက တိုးထွက်လာတဲ့ လှိုင်းလုံးသေးသေးလေးတွေက ကျွန်တော်ရဲ့ လက်နားအရောက်မှာ ပြားပြားဝပ်ပျောက်ကွယ်သွားကြတယ်...
ကျွန်တော် မတ်တပ်ထရပ်ပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို လှည့်ပတ်ကြည့်လိုက်တော့...ကျွန်တော် မျက်ဝန်းတွေ ဝိုင်းသွားရတယ်..အခုကျွန်တော် ဘယ်ရောက်နေတာလဲ မသိ..မတွေးတတ်..ကျွန်တော့ရဲ့ ပတ်ဝန်းကျင်တစ်ခုလုံးမှာ အဖြူရောင် မြူ ခိုးတွေသာရှိပြီး တစ်ဖက်မှာ ဘာရှိလည်း ကျွန်တော်မမြင်ရ...အနံ့မရှိ အထိအတွေ့မရှိ ဒီအေးစက်စက် မြူခိုးဖြူဖြူတွေကြားမှာ ကျွန်တော် တစ်ယောက်တည်း ရှိနေခဲ့ရတယ်လေ....
ညီ!!!!
ကျွန်တော့ မျက်ဝန်းတွေ လုံးဝပြူးကျယ်သွားရတယ်...ဒီအသံ..ဒီအသံက..ကိုမိုးညရဲ့ အသံ...
ညီ..!!
ကျွန်တော် ပတ်ဝန်းကျင်တစ်ခုလုံး လှည့်ပတ်ရှာကြည့်တယ်..မတွေ့ ဘယ်သူမှမှမတွေ့...
ကိုကြီး.!!!!
ညီရေ....!!ကျွန်တော် ပြန်ခေါ်လိုက်မိတော့ ကိုမိုးညရဲ့ ညီဆိုတဲ့ ခေါ်သံကလည်း ပဲ့တင်ပြန်ထပ်လာတယ်..ဘာတွေလဲ. ဘယ်မှာလဲ..ဘယ်ကခေါ်နေတာလဲ.. ဟာ...ကျွန်တော်ခေါင်းကဆံပင်တွေကိုသာ အတင်း စုတ်ကိုင်ထားရင်း လက်ရှိအခြေအနေကို နားလည်အောင်မနည်း ကြိုးစာနေရတယ်...
"ညီ!!"
ဒီတစ်ခါအသံက..ပဲ့တင်မှုမရှိ ကျွန်တော့နောက်ကျောကနေ ထွက်လာတာမို့ချက်ချင်းပဲ ကျွန်တော်နောက်လှည့် ကြည့်လိုက်တော့....
ခရမ်းရောင် ညဝတ် အင်္ကျီနဲ့ ကိုမိုးည က ကျွန်တော့ ကို ပြုံးပြနေတာတွေ့လိုက်ရတယ်....
YOU ARE READING
PSYCHO TRAP (ZawGyi complete)
Hororစိတ်ဆဇထောင်ချောက်တစ်ခုထဲကိုယ်တိုင်ရောက်သွားသလိုခံစားမှုရချင်ရင် ဒီficလေးကိုဖတ်ဖို့ တိုက်တွန်းလိုပါတယ်ဒါပေမယ့် 18+နော်