4

6.1K 446 31
                                    


#Unicode



.......


မိုးသောက်ယံကိုကျော်လွန်၍ မိုးစင်စင်လင်းပြီဖြစ်သည်။
ပွင့်လာသော မျက်လုံးနှင့်အတူ ဖွင့်ဖွင့်ချင်းမြင်လိုက်ရတာကရင်ခွင်ထဲ အတင်းတိုးဝင်နေတဲ့ ခေါင်းလုံးလုံးလေးကြောင့်ပြုံးမိလိုက်သည်။

ပေါ်နေသောပခုံးသားလေးများကို နမ်းရှိုက်ကာ ခေါင်းလုံးလုံးလေးကိုမွှေးကြူဖို့လဲမမေ့။
ဆက်အိပ်လို့မရတော့တာနဲ့ ကိုယ်လက်သန့်စင်ရန် ထလိုက်သည်။

အိပ်ယာပေါ်ကကောင်လေးဟာ ဒီတစ်သက်ထရန် လမ်းမမြင်တော့သည်မို့ ရှောင်ကျန့်ဟာ နိုးရန်သာဆုံးဖြတ်လိုက်သည် ဟု ထင်ရင် မှားသွားလိမ့်မည်။
ကွန်ပျူတာ တစ်လုံးရှေ့ချကာ ကော်ဖီပူပူနွေးတစ်ခွက်ကို စားပွဲပေါ်တင်းရင်း စစ်စရာရှိသောများဖိုင်များကိုသာ စစ်နေသည်။
စစ်သာစစ်နေတာ မျက်လုံးအစုံက နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသော ကောင်လေးဆီသာရောက်နေသည်။

ညကကိစ္စအ၀၀ဖြေရှင်းပြီ အိပ်ယာပေါ်တက်အိပ်ရန်အပြင် ကောင်လေးကို ဒီတိုင်းစောင်နဲ့သာပတ်ပေးထားခဲ့တာမို့ အင်္ကျီလေးဟာဖြင့် ဘ၀ပျက်သွားပြီဖြစ်၍ သူ့အင်္ကျီကိုသာဝတ်ပေးလိုက်ရသည်။
ပေးထားသော အမှတ်အသားအချို့က ရှိနေသေးသောကြောင့် လှချင်တိုင်းလှနေလေရဲ့။

မနက်ခင်းမို့သဘာဝအတိုင်းထကြွချင်သော အငယ်ကောင်ကို ထိန်းရင် ကောင်လေးကို နှိုးရန်စိတ်ကူးမရှိဘဲ ထိုင်သာကြည့်နေလိုက်သည်။

ဒီလောက်လှတဲ့ ပန်းချီကားလေးရှေ့ချပြီ အလုပ် လုပ်ရအောင်သူက အရူးမဟုတ်

နောက်ဆုံးတော့ကောင်လေးဟာ အနည်းငယ် တွန့်လူးလာပြီ အပျင်းကြောတောင်လျော့နေလိုက်သေးသည်။
အမူအရာသေးသေးလေးတွေက အစ မျက်နှာမလွှဲချင်စရာလေး။

ရိပေါ်တစ်ယောက်နိုးလာသောအခါ ထုံးစံတိုင်းဟိုဘက်လိမ့် ဒီဘက်လိမ့် လုပ်ရင်း
သူသိလိုက်ပြီ သူညက အိမ်လဲလမအိပ် Club မှာ လူကြီးက အရက်ငှဲ့လို့ သူတစ်ဝက် ကိုယ်တစ်ဝက်သောက်ရင်း မူးပြီး ဘာမှမမှတ်မိတော့။

Let me tie My Little boy// COMPLETED //Where stories live. Discover now