10

4.1K 291 9
                                    


Let me tie my little BOY  - 10







.

...........

ကြယ်ငါးပွင့်ရ ဆိုင်ဆီ သွားဖို့ လမ်းညွှန်ထားပေမဲ့ ရိပေါ်က အလိုမကျဟန်၊
သူသွားချင်သည့် ဆိုင်မှမဟုတ်ရင် မစားဘူးဟု ပြောနေသည်မို့ လွှတ်ထားလိုက်တော့သည်။

*အဆိုးလေး နောက်မှ အပြစ်ပေးဦးမယ်*

ရိပေါ်သွားစားချင်သောဆိုင်သည် ငွေးကြေးအနည်းငယ်သာ ကုန်ကျပြီး ‌ခပ်သန့်သန့်ပင်။

Xiao Zhan အတွက် ဘာမှ မဖြစ်ပေ။

အတိတ်တွင် ဒီထပ်ဆိုးသောနေရာများတွင် စားသောက်ခဲ့ရသော နေ့များလဲရှိသည်။
သူ့ဘ၀ တော့သူမမေ့။

တစ်ခါတစ်လေ ခမ်းနားအထည်ဝါဆုံးသော ကမ္ဘာ့အဆင့်မီ hotel ကြီးများတွင်စားသည်ထက် ဒီလိုနေရာလေးမှာစားရတာကို ပိုနှစ်သက်သည်။

အထူးသဖြင့်သူ့အသည်းအသက်လေးနဲ့တူတူစားရရင်ပိုတောင် သဘောကျမိသေး။

အခက်တွေ့နေတဲ့သူဟာတော့ ရွှေလင်ဗန်းနဲ့အချင်းဆေးပြီး ရွှေဇွန်းနဲ့စား ရွှေဘုံစံအိမ်မှာနေလာသည့် သူမ။
platform ပေါ်မှာလမ်းလျောက်ဖူးသူမဟုတ်တဲ့ ထိုအမျိုးသမီးခင်မျာ နှာခေါင်းတစ်ရှုံ့ရှုံနဲ့ ဟိုရှောင် ဒီဖယ်နဲ့၊ အရက်သမား လမ်းလျေက်နေတဲ့အတိုင်းပင်....။

ရိပေါ်တစ်ယောက် သူကတော့ လာနေကျမို့ အဆင်ပြေပေမဲ့

Xiaoလူကြီးကိုကြည့်တော့ လုံးဝ အဆင်ပြေနေတဲ့ပုံ၊ ရွံရှာတာပုံစံတစိုးတစိမရှိပေ။

အန်တီကြီးကတော့ အရက်သမားလမ်းလျောက်နေတဲ့အတိုင်းပဲ တစ်ခါမှလာဖူးပုံမပေါ်။

အေးလေ သူဌေးသမီးဆိုတော့ ဘယ်လာဖူးမလဲ

အသည်းငယ်လေးကို ‌ကြည့်မိတော့  ဟိုအမျိုးသမီးကိုကြည့်နေသည်မို့ စိတ်တိုသွားသည်။

*ကလေးငယ် မင်းရဲ့ အတွေးတွေအစ ကိုယ်ပဲပိုင်ဆိုင်ရမယ်...!  *

Xiao Zhanတုံ့ဆိုင်းမနေဘဲ ကလေးနားရောက်အောင်သွားပြီး ကလေးငယ်ကို ရင်ခွင်ထဲဝင်လုမတက်ဆွဲဖက်ကာ ဆိုင်ထဲဝင်လိုက်သည်။

Let me tie My Little boy// COMPLETED //Where stories live. Discover now