5

4.9K 349 17
                                    


#Unicode



____________________________





"မင်းသိလား ကိုယ် နမ်းနေတဲ့အချိန်ဆို ရုန်းတာ ကိုယ်မကြိုက်ဘူး ရုန်းရင် ပိုချုပ်ပြီးနမ်းမှာမို့ အားအကုန်ခံပြီး မရုန်းနဲ့ "

"...... "

ကားမောင်းလာတာကြာပြီ။ စကားမဆိုသေးသောကောင်လေးကြောင့် သူစိတ်ထဲ ဘ၀င်မကျလှ။
ကိုယ်က ခနဲ့ စကားဆိုပြန်တော့လဲသူက ပြန်မပြောပြန်ပေ။
အရင်ကဆို ဘယ်လိုပဲနေနေ တစ်ခွန်းမကျန် ပြန်ပြောသောကောင်လေးက ပြန်မပြောဘူးဆိုတော့တစ်ခုခုတော့တစ်ခုခုပဲ။

*ဪ နာရီသေချာပြန်ကြည့်မှ ၈း၀၀နာရီတောင်ထိုးပြီးပြီ *

" ကဲ ရောက်ပြီ ဆင်းတော့လေ"

"အမ် .. အင်းအင်း"

ရိပေါ်ခါးပတ်မဖြုတ်ဘဲ ဆင်းမလို့လုပ်‌ နေသောကြောင့် ရှောင်းကျန့် မနည်းသတိပေးလိုက်ရသေးသည်။

" အဟက် ကောင်လေး ကိုယ့်အနမ်းတွေကြောင့် ယောင်နနတွေ ဖြစ်နေတာလား"

ရှောင်းကျန့်စကားကြောင့် ရိပေါ် မျက်နှာကို တည်တင်းပစ်ပြီး..

"စိတ်ကူးယဉ်နေလိုက်"

" အိုဟိုး စောင့်ပါဦး ကောင်လေး... အာ မဟုတ်ပါဘူး ကိုယ့်ရဲ့အထူးအားထားရမဲ့လက်ထောက်လေး"

"ကျစ် အရေမရ အဖတ်မရတွေပြောမနေနဲ့ အလုပ်ရှင်ဖြစ်ပြီး အလုပ်နောက်ကျနေရတယ်လို့"

"ကိုယ်က ပုံမှန်ဆို ၁၀နာရီကျော်မှလာတာ မင်းလေး နောက်ကျမှာစိုးလို့ တမင်လိုက်လာတာ"

"...."

" ဟေ့ ချာတိတ် ကိုယ်ကမင်းရဲ့အလုပ်ရှင်နော် ကိုယ်စကားပြောရင် မင်း လျစ်လျူမရှုသင့်ဘူး"

" Bossသာ အလုပ်ကြောင်းပြောမယ်ဆို ကျွန်တော် အချိန်မရွေး BOSS ကို စကားပြောနိုင်ပါတယ်"

"...."

" မင်္ဂလာပါ boss ဒီနေ့အစောကြီးရောက်လာပါလား"

ကျိုးချန်တစ်ယောက် Boss အစောကြီးလာလို့ ထူးဆန်းနေပေမဲ့ ရှေ့မှာရှိနေတဲ့သူ့ညီကို မြင်မှ မျက်လုံးပြူးသွားသည်။

Let me tie My Little boy// COMPLETED //Where stories live. Discover now