#Unicode
_______
"၀မ်ရိပေါ်....!!! မင်းကို အစထဲကငါမပြောဘူးလား မလာပါနဲ့ဆို အခုတော့ ဟိုက မင်းကို ကစားတော့မယ် မင်း ငါ့စကားဆို လုံးဝနားမထောင်တာ အရေးကို မစိုက်တာ အခုတော့ ကြည့်စမ်း မင်းကွာ..! မင်း..!! "
"ကျွန်တော်မလာရင် ကော အလုပ်ပြုတ်မယ် လာတော့ အလုပ်မပြုတ်ဘူးပေါ့ "
" မင်းမရှိရင်တောင် တခြားလူတွေကျန်သေးတယ်လေ"
" ကောက အဲ့လူတွေက ကျွန်တော့ထက်တော်တယ်ထင်နေတာလား"
"မင်း ငါမတားခဲ့ဘူးလား အရင်ကတည်းက အဲ့ ၀ိုင်တွေကိုပဲ စိတ်မရောက်နဲ့ အသက်မွေးဝမ်းကြောင်း တစ်ခုခု ရွေးဆိုတာကို မင်းခေါင်းမာခဲ့တာလေ။
မင်းကိုငါက ငါ့လို သူများလက်အောက်မှာ နေ့ရှိသမျှ အပြောအဆိုမခံရအောင် ကိုယ်ပိုင်လုပ်ငန်းလုပ်ဖို့ အရင်းအနှီးထုတ်ပေးမယ်လို့ပြောတာတောင်လုပ်လို့လား နေ့နေ့ညည အဲ့၀ိုင်တွေနဲ့ပဲ အချိန်ကုန်နေတာလေ..! ""ကျွန်တော်ကျတော့ ကိုယ်ပိုင် လုပ်ငန်းထောင်ခိုင်းပြီး ကောကတော့ ပင်ပန်းနေတာကြည့်ရက်မယ်တဲ့လား ရေထဲကျောက်ခဲပစ်ချတာကမှ အရာထင်မဲ့ဒီခောတ်မှာ ဘာမှအသုံးမဝင်တာ ကောလဲသိပါတယ် ပြီးတော့ ကျွန်တော်စိတ်မဝင်စားတဲ့အလုပ်တစ်ခုကို အောင်အောင်မြင်မြင် လုပ်နိုင်မယ်လို့ ကောက ထင်နေတာလား"
" ဝမ် ရိ ပေါ်...!!"
"တော်ပြီ ကျွန်တော်တို့ ဆက်ပြောနေရင် ဒီထပ်ပိုဆိုးရုံပဲ ရှိမယ်။
ဒီည အိမ်ပြန်မလာတော့ဘူး"အပေါ်ထပ် အင်္ကျီတစ်ခုကိုကောက်ယူပြီး ထွက်သွားသောညီငယ်ဖြစ်သူကိုကြည့်ရင်း စိတ်မကောင်းဖြစ်မိတယ်။
သူကရော လုပ်ချင်လို့လုပ်နေတယ်များထင်နေတာလား သူ့ညီငယ်လေးကို မျက်နှာမငယ်စေချင်တာ အစ်ကိုတစ်ယောက်ရဲ့သိမ်နုပ်တဲ့အတ္တ။
ကျိုးချန် အိမ်ထဲမှာသာကျန်ခဲ့ရင်း ငိုနေမိတော့သည်။ရိပေါ် လဲ ကောနဲ့စကားများပြီးထွက်လာတာ ဘယ်ကိုသွားလို့ သွားရမှန်းမသိ။
ဒီတစ်ညစာအတွက် ကျောခင်းဖို့နေရာ ရှိကောင်းပါရဲ့။
ဖြတ်ကနဲ သတိရမိလိုက်တာက အရင်က အလုပ် လုပ်ခဲ့တဲ့Clubက ထိကပါးရိကပါးလုပ်လွန်းတော့ စိတ်မရှည်လို့ထွက်လာခြင်း။
သူ့ကို မန်နေဂျာအစ်ကိုက မထွက်စေချင်၊ သူမှမလုပ်ချင်တာ အဲ့တော့ ထွက်လာလိုက်တယ်။
အရင်ကလည်း တစ်ရက်လောက်ဖြစ်ဖြစ် လာလုပ်ရင် ရပါတယ်ဆိုပြီး ပြောထားလို့သွားရင် အဆင်ပြေလောက်မှာပါ
.
.
.
![](https://img.wattpad.com/cover/252043428-288-k60368.jpg)
YOU ARE READING
Let me tie My Little boy// COMPLETED //
FanfictionZ S W W S Z D ZHANYI FANFICTION (Unicode+Zawgyi) Xiao Zhan- SEME Wang Yibo- UKE Author ~ Amaryllis K #Start-22.6.19 #End -24-8-21 ⚠️Let me tie my little boy fic ကzhanyi အဲ့တော့ yizhan rl ထဲ မထည့်နဲ့⚠️ Let me tie my little boy fic ကzhanyi အဲ့ေ...