7

4.7K 293 5
                                    

Let me Tie MY Little Boy - 7




______


"အားးးးး.......!!!!"

လျှပ်တစ်ပျက် အတွင်းဖြစ်သွားသည်ဆိုပိုမှန်လိမ့်မည်။
သေချာတာကတော့ ရိပေါ်လေးဟာ အန္ဒရာယ် တစ်စုံတစ်ရာမှမရှိတော့ပေ။
ချုပ်ကိုင်ထားသော လူများဟာလဲ အကြည့်စူးစူးကြောင့် ဒူးတုန်နေကြပြီ.. .

သူတို့ အသက်နဲ့ ခန္ဒာ အိုးစားကွဲနိုင်သည့်အနေအထားရောက်မှန်းမသိရောက်နေပြီဖြစ်သောကြောင့်ပင်။

ရိပေါ်ကို ထိုးရန်ရွယ်နေသောသူ၏ လက်တစ်ဖက်မှာ လှုပ်မရတော့ချေ။

ရှောင်းကျန့်အပိုင်ကို လာထိချင်တဲ့ မည်သူမဆို ဒီလမ်းအတိုင်းပဲသွားကြရလိမ့်မယ်...!!

နာကျင်မှုကြောင့် အော်ဟစ်နေသောသူကိုကြည့်ကာ သွေးပျက်နေကြသူမှာ ရိပေါ်လေးအပါအဝင် ထိုအဖြစ်အပျက်ကို ဘေးမှရပ်ကြည့်နေသူများလဲ ပါ၏။

ဘာမှမဖြစ်သလိုနေနိုင်သောသူများဟာ Xiao Zhan နဲ့ Jes တို့သာဖြစ်သည်။

Xiao Zhan အစကတော့ Jes နဲ့ အလုပ်ကိစ္စပြောနေတာဖြစ်ပေမဲ့ ပြောနေရင်းနဲ့ သူ့အသည်းလေးဆီ စိတ်ရောက်နေတယ်။

သူ့ ကလေးက အခု မှ အလုပ် ကိုစရောက်တာမို့ ယောင်လည်လည်နဲ့ နေရာကိုမေးလျှင် ဘုကလန့်လေးမို့  ပြဿနာဖြစ်နိုင်မှန်း ခန့်မှန်းမိလို့ Jesရဲ့စကားကိုတောင် ပြီးအောင်နားမထောင်ဘဲ နောက်မှ လိုက်လာတာဖြစ်သည်။

တွေ့တွေ့ချင်းမြင်လိုက်ရတဲ့မြင်ကွင်းက သူ့ဒေါသကို ပေါက်ကွဲထွက်ဖို့လုံလောက်၏။

ပုံမှန်ဆို အဲ့လောက်ထိလုပ်ဖို့မရယ်ရွယ်ပေမဲ့ သူ့ အပိုင်လို့မှတ်ယူထားတဲ့လူကို လာထိတော့ အခုက လက်ကျိုးရုံလောက်သာ... နောက်မှ အသက်ကို နှုတ်ယူတော့မယ် လို့တေးထားလိုက်သည်။

ထိုနေရာမှထွက်လာသော်လဲ Jes ကိုဖြစ်သမျှကိစ္စအဖုံဖုံကို ဖြေရှင်းရန် ပြောပြီးမှ ထွက်လာခြင်းသာ...။

ရုံးခန်းထိရောက်သည်အထိ အသိမ၀င်သေးသောကောင်လေးကြောင့် သူ့မှာ အသည်းတယားယား

အတော်လေးလန့်သွားဟန်..။

မျက်လုံးလေးပြူးလို့~~

Let me tie My Little boy// COMPLETED //Where stories live. Discover now