Let me tie my little BOY 9.
.
..............
ရိပေါ် ဘေးနည်းနည်း ကပ်ပေးလိုက်ပြီးဖုန်းကို အာရုံစိုက်နေလိုက်သည်။
မကြာမီ နောက်မှကား၂စီးလောက်ထပ်ရောက်လာသေးသည်မို့ လှောင်ပြုံးကလေးက ဝင့်ကနဲ..
ဘယ်လိုတောင်လား ဝန်ကြီးသားသမီးများလား..
ရိပေါ်ကတော့ကိုယ့်အာရုံနဲ့ကိုယ်မို့ အေးဆေးနေပေမဲ့ ထိုကားပေါ်ကလူများက တော့ အေးအေးဆေးဆေး မနေနိုင်ဘဲ လှုပ်လှုပ်ရွရွ ဖြင့် ကားပေါ်မှ အမြန်ဆင်းကာ ကားအပေါက်ဝတွင် တစ်ဖတ် ၅ယောက်စီ တန်းစီကာရပ်နေကြပြီး
တံခါးကို ဖွင့်ပေးလိုက်သည်။အပြာရောင်ဖျော့ဖျော့ဝတ်စုံလေးနဲ့ ရင်သားတစ်ချိ့တစ်ဝက်က မကြည့်ချင်လဲမြင်နေရသည့်အနေအထားနဲ့ ဆံပင်ကျောလယ်လောက်ကို အောက်အနားလေးက ကွေးကာလိမ်ထားသောကြောင့် အတော်လေး ကြည့်၍လှသည့် အမျိုးအစားတွင်ပါဝင်သည့် အန်တီကြီး အဲ မိန်းကလေးက ဟန်ပါပါဖြင့် ဆင်းလာသည်။
တော်ရုံတန်ရုံ ပတ်ဝန်းကျင်ကို အလေးမထားသောရိပေါ်ဟာ လူအများကြီးဖြင့် သူ့ကိုသူ ၀န်ကြီးသမီးလိုလို ရောက်ချလာသောကြောင့် ခနမျှသာ ကြည့်မိလိုက်ခြင်း၊
ကားပေါ်က ဆင်းလာလာခြင်း သူမမျက်လုံးထဲ
၀င်လာတဲ့ အရိပ်လေး၊ကြည့်မိတော့ ခပ်ငယ်ငယ်ကောင်လေးတစ်ယောက်။
သူ့ကို ခေတ္တမျှသာ ကြည့်ပြီး အကြည့်လွဲသွားသည့်ကောင်လေးကြောင့် သူမလို ယောကျာ်းတိုင်းလည်ပြန်ငေးရတဲ့သူ၊
တောက်ပနေတဲ့ အရှိန်အဝါနဲ့ ချောမောလှပလွန်းသောရူပါကြောင့် မိန်းကလေးများကပါ အားကျနေကြတဲ့သူကို ခနသာကြည့်ပြီး မထူးဆန်းသလိုလုပ်သွားတဲ့ကောင်လေးကြောင့် စိတ်ထဲ ဘ၀င်မကျ။အစစအရာရာမှာ သူမဆီမှာ ကြွေဆင်းချင်နေတဲ့ အကြည့်နဲ့ ကြည့်နေမှ ကြိုက်တဲ့လူမျိုးမို့ မကျေနပ်နိုင်ပါ။
" ဟေ့ ကောင်လေး လာစမ်း "
ခပ်မာမာအသံကြောင့် ရိပေါ် တစ်ယောက် မျက်ခုံးများတွန့်ချိုးကာ တစ်ချက်သာ ကြည့်ပြီး Xiaoလူကြီးအလာကိုသာစောင့်နေမိသည်၊၊
YOU ARE READING
Let me tie My Little boy// COMPLETED //
FanfictionZ S W W S Z D ZHANYI FANFICTION (Unicode+Zawgyi) Xiao Zhan- SEME Wang Yibo- UKE Author ~ Amaryllis K #Start-22.6.19 #End -24-8-21 ⚠️Let me tie my little boy fic ကzhanyi အဲ့တော့ yizhan rl ထဲ မထည့်နဲ့⚠️ Let me tie my little boy fic ကzhanyi အဲ့ေ...