Let me tie my little BOY- 15
.
.
.
...........Seanတစ်ယောက် ရုံးခန်းထဲထိုင်နေ၍ လက်မှတ်ထိုးစရာဖိုင်တွေကို လှန်ကာ တစ်ဖိုင်ပြီးတစ်ဖိုင်စစ်ဆေးနေတုန်း အနားရောက်လာတဲ့ လင်းယွင် ။
သူ့အဆိုးလေးပင်ပန်းမည်စိုး၍ ယာယီခန့်ထားခြင်း.။
" CEO ၁၀နာရီမှာMeeting တစ်ခုရှိပါတယ် "
အသိအမှတ်ပြုရုံခေါင်းငြိမ်းပြလိုက်ပြီး ထွက်သွားခိုင်းလိုက်တယ်။
ထို့နောက် ဖိုင်ကိုသာအာရုံစိုက်နေလိုက်တယ်။
ရိပေါ်တစ်ယောက်ဆူပုပ်ပုပ်မျက်နှာလေးဖြင့် ပြည်တွင်းပြည်ပနှစ်စဉ်ရောင်းဝယ်ရေးစာရွက်စာတမ်းတွေကို အသံထွက်အောင် တဖျတ်ဖျတ်လှန်ပြီး ကြည့်နေလိုက်တယ်။
ရှောင်းကျန့် ဒေါသထွက်နေတဲ့အဆိုးလေးကို ကြည့်ရင်း မရယ်မိအောင်ထိန်းထားရတယ်။
ဒီကလေးဘယ်လိုဖြစ်နေတာလဲဆိုကာကို သူသိတာပေါ့ အဟက်*
လင်းယွင်နဲ့ အူတိုနေပုံများ ...
ဘယ်လိုလေးလဲမသိဘူး ချစ်ဖို့ကောင်းနေရောကွာ~~
" ၀မ်ရိပေါ် စာရွက်တွေကို ဖြည်းဖြည်းလှန် ပြဲသွားရင်ဘယ်လိုလုပ်မလဲ "
" ပြဲ ပြဲဗျာ သူ့ဘာသာပြဲတာ ကျွန်တော်ဖြဲတာမှမဟုတ်တာ "
" ၀မ်ရိပေါ် ကိုယ်က မင်းရဲ့CEOနော် စကားပြောရင် ဆင်ခြင်ပါ "
Sean ရိပေါ်ကို အတည်ပေါက်နဲ့ စလိုက်တာမို့ ရိပေါ်တစ်ယောက် မျက်နှာနီရဲပြီး ဒေါသထွက်လာတယ်။
စိတ်တိုလွန်းလို့ မျက်စောင်းတွေချည်းထိုးလိုက်ပြီး စာရွက်တွေကို ဖိကိုင်လိုက်တယ်။
ရိပေါ်မှာ အကျင့်တစ်ခုရှိတယ်၊ အဲ့ဒါက သူဒေါသထွက်ရင် အလုပ်တစ်ခုခုကို စိတ်နှစ်ပြီးလုပ်နေလိုက်တယ်။
ဒါက သူ့ရဲ့စိတ်ကို အနှောင့်အယှက်ဖြစ်စေတဲ့ကိစ္စအပေါ် အာရုံလွဲလိုက်ခြင်းပင်။Sean စိတ်ဆိုးနေတဲ့အဆိုးလေးကိုထိုင်ကြည့်နေရင်း ၁၀နာရီထိုးခါနီးပြီမို့ သွားမည်အလုပ် သေသေချာချာလေ့လာနေတဲ့အဆိုးလေးရဲ့အနားကိုသွားပြီး ခါးလေးကိုင်းလို့ ပါးဖောင်းဖောင်းလေးကို မွေးကြူ လိုက်တယ်။
YOU ARE READING
Let me tie My Little boy// COMPLETED //
FanfictionZ S W W S Z D ZHANYI FANFICTION (Unicode+Zawgyi) Xiao Zhan- SEME Wang Yibo- UKE Author ~ Amaryllis K #Start-22.6.19 #End -24-8-21 ⚠️Let me tie my little boy fic ကzhanyi အဲ့တော့ yizhan rl ထဲ မထည့်နဲ့⚠️ Let me tie my little boy fic ကzhanyi အဲ့ေ...