21

2.7K 176 22
                                    

Let me tie my little BOY - 21

.

.

.

__________

ကျယ်ဝန်းလှတဲ့Guသခင်လေးအပိုင် အိမ်တော်ထဲမှာ လုပ်ငန်းရှင်တော်တော်များများကသူတို့ရဲ့သမီးပျိုလေးများအားပွဲထုတ်ကာ Guသခင်လေးဆီအရောက်ပို့ကြသည်။

နောက်ဆုံးGuသခင်လေးနဲ့မညှိကြရင်တောင် Fenသခင်လေးရှိနေသေးသည်။

လိုက်ကာချထားတဲ့အဆောက်အဦးအသေးစားတစ်ခုရှိနေသည်။အပြင်အဆင်ကတော့သေချာမသိရသေး အစိမ်းရောင်ပိတ်စတွေနဲ့ပါအုပ်ထားသောကြောင့်ပင်။
လူအများရဲ့စိတ်ဝင်စားမှုကိုရထားတဲ့ဒီအစိမ်းရောင်ပိတ်စအောက်လေးမှာ
ဘယ်လိုပြင်ဆင်မှုတွေရှိနေမလဲဆိုတာ အများက သိချင်နေကြပြီးဖြစ်သည်။

" တို့လေ Seanနဲ့ပွဲအတူတက်ရမယ်လို့ မထင်ထားဘူး သိလား တို့သိပ်ပျော်တာပဲ အဟင်း~"

စိတ်ရှုပ်စရာ MsYangကို Sean အတက်နိုင်ဆုံးသည်းခံပြီးငြိမ်နေလိုက်တယ်။

စ၀င်လာကတည်းက အဆိုးလေးရောGu Weiပါမတွေ့ရသည်မို့ စိတ်ထဲဘ၀င်မကျ။

Seanအသိမိတ်ဆွေတစ်ယောက်နဲ့တွေ့သည်မို့ စကားပြောနေလိုက်တယ်။ MsYangကတော့သူ့အနားကမခွာ။

" Sean တို့ ဟိုဘက်ဝိုင်းခနသွားဦးမယ်"

Seanကတော့ သူ့ဘေးနားမှာအရှုပ်ထုပ်မရှိတော့သည်မို့ စိတ်သက်သာရာရသွားသည်။

ခေါင်းငြိမ့်ပြလိုက်ပြီး Wineတစ်ခွက်ယူလိုက်ပြီး အဆိုးလေးရှာပုံတော်ဖွင့်ရတယ်။

ခေါင်းကိုဟိုဘက်ရမ်းဒီဘက်ရမ်းကာအသည်းအသန်ရှာသည်မျိုးမဟုတ်ဘဲမျက်စိကစားကာရှာရုံသာ...။

" Hello Mr.Sean တစ်ယောက်ယောက်ကိုများရှာနေတာလား "

အသံကြားတာနဲ့လှည့်ကြည့်စရာမလိုအောင် Gu Wei ..။

" ရှာနေတယ်ဆိုရင်ရော..? "

Seanရဲ့မနှစ်မြို့တဲ့အကြည့်နဲ့မာထန်ထန်စကားသံများကြောင့် Gu Weiက သဘောတကျရယ်တယ်။

Seanတစ်ယောက်စိတ်တိုတိုနဲ့ လက်ထဲက Wine တချိတ်တည်း မော့သောက်ပစ်လိုက်တယ်။

Let me tie My Little boy// COMPLETED //Where stories live. Discover now