22

2.8K 170 10
                                    

Let me tie my little BOY - 22

.



_______________________________________

____



သူ့ရဲ့Plan Aက တကယ်ပဲအသုံးဝင်သွားသည်။

တဖန်ရောက်ရှိလာပြန်တဲ့သူ့ရဲ့အချစ်ကလေးဝမ်ရိပေါ်~~

ကလေးငယ်ရဲ့ မျက်ဝန်းမှာလဲ မျက်ရည်စတွေဝေ့သီလို့ပါလား

အချစ်ကလေးဘာလို့ ငိုရတာပါလိမ့်

" ရှောင်းကျန့်!! အရူးကြီး ခင်များမှာ မာနမရှိဘူးလား ကျွန်တော့်လိုကောင်အတွက်တန်လို့လား ထစမ်း!! အခုချက်ချင်းထ "

" Bae..Baby "

" အရူးကြီး ထပါတော့ဆိုဗျာ "

Seanလဲချစ်ရသူအလိုကျထပေးလိုက်တော့ ထပြီးသည်နှင့် သူရင်ခွင်ထဲ ပစ်ဝင်လာသောအဆိုးလေးကြောင့်ရှောင်းကျန့်မှာ အင့်ကနဲ...။

~ ကိုယ်သိတာပေါ့ မင်းလေးသေချာပေါက်ပြန်လာမယ်ဆိုတာ.. ~

" အဟင့်! လူဆိုးကြီး အချိန်နည်းနည်းလေးကျန်တော့တာကို မစောင့်ပေးနိုင်ဘူးလား sob* မနက်နေထွက်တဲ့အချိန်ထိစောင့်ပေးရင် ကျွန်တော်သေသွားမှာစိုးလို့လား! ဟင့်..အရူးကြီး အဟင့်! အိ~"

" အချစ်ကလေး ကိုယ်လွမ်းနေတာ "

မဖျစ်ညှစ်ရတာကြာပြီဖြစ်တဲ့ကိုယ်လုံးလေးကိုဖျစ်ညှစ်ပစ်လိုက်တယ်။

" အင့်!....အဟင့်.."

" ဒီကိုယ်လုံးလုံးလေးကို ကိုယ်သေမတက်လွမ်းနေခဲ့တာ "

" ကျွန်တော်လဲ လွမ်းတယ်..."

" Gu Wei က ကလေးလေးကို ဘယ်လိုတွေခြိမ်းခြောက်ထားလို့လဲ ကိုယ့်ကိုပြော ကိုယ် အဲ့ကောင်ကိုသွားသတ်ပေးမယ် "

" တော်စမ်းပါ ၀မ်ရိပေါ်တို့က ကိုယ့်ဇာတ်ကိုယ်နိုင်အောင် က,နိုင်တယ် ဒါနဲ့ ခင်များအအ်ိပ်မမှန်ဘူးလို့ သတင်းတွေရထားတယ် အလုပ်တွေပဲဖိလုပ်နေတယ်ပေါ့ "

" အချစ်ကလေးက ကိုယ့်အကြောင်းစုံစမ်းနေတာလား "

" ချီး!~~ စုံစမ်းစရာလား "

" ဘယ်လို.."

" ကဲ ရှောင်းလူကြီးရေ ကျွန်တော်ပျောက်နေတာ မကောင်းဘူး သွားတော့မယ်
မနက်မိုးလင်းတာနဲ့ ကျွန်တော်ရောက်နေစေရမယ် ကတိပေးတယ် "

Let me tie My Little boy// COMPLETED //Where stories live. Discover now