Let me tie my little BOY- 11
.
.
.
.
................ညနေရောက်ပြီမို့ ရိပေါ် ပြန်ရတော့မည်။
ရှောင်းလူကြီးကတော့ ထမင်းစားပြီး ပျောက်သွားလိုက်တာ အစပင်မတွေ့ ။
တစ်ယောက်ထဲ အိမ်ပြန်ရမှာမို့ ပျင်းသော်လည်း မတက်နိုင်ဘဲ Bus ပေါ်သာ တက်လာလိုက်သည်။
နေ့လည်စာစားထားတာတောင် ဆာနေသေးတဲ့ ဗိုက်ကြောင့် ဗိုက်လေးကိုအသာ ပွတ်လို့
mini market လေးထံသို့။သူနေတဲ့ တိုက်ခန်းလေးကိုတော့ လမ်းလျောက်ပြန်ဖို့သာဆုံးဖြစ်လိုက်သည်။
ရပ်ကွက်ကျော်ကလေးသာမို့ သိပ်မဝေးပေ။
ပြဿနာရှိလောက်မယ်မထင်....၊
စိမ်ပြေနပြေ ထိုင်စားပြီးမှ ပိုက်ဆံရှင်းကာ ပြန်ထွက်လာလိုက်သည်။
ဆိုင်ထဲက ထွက်လာတော့ မိုးမချုပ်သေးပေမဲ့ နည်းနည်းတော့မှောင်စပြု နေပြီဖြစ်သည်။
သူ သွားနေ လာနေကျမို့ အထူးအဆန်းလုပ်ကာကြောက်မနေပေ။
ရိပေါ် လမ်းလျောက်လာရင်း သူ့နောက်အားတစ်ခုခုလိုက်လာသလို ခံစားနေရသည်မို့ စိတ်ထဲ မသိုးမသန့်ဖြစ်လာသည်။
စိတ်ထဲမထားဘဲ တိုက်ခန်းကိုသာအမြန်ရောက်ရန် ခပ်မြန်မြန်လျှောက်လာခဲ့သည်။
သူအခု ရောက်နေတာက လူသူအနည်းငယ်သာရှိပေမဲ့ လမ်းမ ဘက်နည်းနည်းကျတာမို့ စိတ်ထဲတော့ ဘာမှမဖြစ်ပေ။
ရိပေါ်တစ်ယောက် ခပ်မြန်မြန်လျောက်လာရင်း ရုတ်တရက် မီးထိုးကာ အရှေ့မှကြိုစောင့်နေဟန်ကားတစ်စီး၊
အနောက်ကပါ ထိုးရပ်လိုက်တဲ့ ကားတစ်စီးတို့ကြောင့် ပြေးရင်တောင်ပြေးပေါက်မရှိမှန်းသိလိုက်ပြီ။ဘေးလမ်းမှပြေးမည်အလုပ် ထပ်မံလာရပ်လာသောကားကြောင့် လူက တုန်လှုပ်စပြုလာပြီဖြစ်သည်။
ဒါ ဘယ်လိုအခြေအနေကြီးပါလိမ့်..?
* နေ..ေနပါဦး ငါ့ကို ဖမ်းခေါ်ဖို့စိတ်ကူးနေကြတာလား ဟင့်အင်း ..!!! ငါက ဘာလို့ အဖမ်းခံရမှာလဲ ကျစ် သောက်ဂွပဲ...!!! *
![](https://img.wattpad.com/cover/252043428-288-k60368.jpg)
YOU ARE READING
Let me tie My Little boy// COMPLETED //
FanfictionZ S W W S Z D ZHANYI FANFICTION (Unicode+Zawgyi) Xiao Zhan- SEME Wang Yibo- UKE Author ~ Amaryllis K #Start-22.6.19 #End -24-8-21 ⚠️Let me tie my little boy fic ကzhanyi အဲ့တော့ yizhan rl ထဲ မထည့်နဲ့⚠️ Let me tie my little boy fic ကzhanyi အဲ့ေ...