Day *9*

279 83 1
                                    



(Zawgyi)

Day 9 #အနာဂတ်

" အဲ့တော့ ငါ့မှာ နောက်ထပ်တစ်ရက်ကျန်သေးတာပေါ့ ? "
အီဗန်က လေသံတိုးတိုးလေးနဲ့ပြောတယ် ။

ကျွန်မတို့တွေက အခု ပြောင်းခင်းအပျက်ကြီးထဲမှာ
လှဲနေကြတာ။ ကောက်ရိုးခြောက်တွေက ကျွန်မလည်ပင်းနားမှာ ယားကျိကျိ ထိနေပေမယ့် ကျွန်မ အထွန့်မတက်ပါဘူး ။ ကျွန်မက အီဗန့်ဘေးမှာ လှဲနေတာ ကျွန်မ ပခုံးချင်းကလည်း မထိတထိအနေအထားမှာ ။ နှစ်ယောက်လုံး နေမင်းကြီးကို မော့ကြည့်နေကြတာ‌ပဲ ။

" ထင်တာပဲ "
ကျွန်မ အမှန်တော့ ဒီရက်ပိုင်းတေအတွင်းမှာ ကျွန်မတို့လုပ်ခဲ့တဲ့ အပေးအယူကို မေ့မေ့ပျောက်ပျောက်‌တောင်ဖြစ်နေခဲ့တာ ။ ကိုးရက်တောင် ရှိသွားပြီတဲ့လား ။ ကျွန်မ ဘေးမှာ လှဲနေတဲ့ ကောင်လေးကို တချက်လှည့်ကြည့်မိတယ် ။ သူ့ပုံစံက စိတ်ပျက်အားကုန်နေပေမယ့် ဇွဲမလျှော့သေးတဲ့ ပုံပေါက်နေတယ်။

ကျွန်မ ခြောက်သွေ့နေတဲ့ နှုတ်ခမ်းတွေကို လျှာတချက်သပ်ပြီး တွေးမိတယ် ။ သူဘာလို့ ထွက်မပြေးသွားသေးတာလဲ ။ ခုဆို ကိုးရက်တောင် ရှိနေပြီလေ ။ တော်ရုံလူ‌ဆို ကျွန်မ့အကြောင်းတွေသိတာနဲ့ လန့်ပြေးနေလောက်ပြီ ။ ဒါဆို အီဗန်ကရော ဘာလို့ ထွက်မသွားသေးတာလဲ ။

" ရက်တွေက ထင်ထားတာထက်တောင် အရမ်းကို
မြန်မြန်ကုန်ဆုံးသွားတာပဲ "
အီဗန် တကိုယ်တည်း ခပ်ဖွဖွရေရွတ်လိုက်တာကို ကျွန်မ သဲ့သဲ့ကြားလိုက်ရတယ် ။

ကျွန်မ အသာအယာရယ်လိုက်မိတယ် ။
" အေးနော် ..တကယ်ကိုပဲ "

" ငါကတော့ အဲ့လိုမဖြစ်ဖို့ ဆုတောင်းနေတာ "
အီဗန်က သက်ပြင်းချပြီး ပြောလိုက်တယ် ။

ကျွန်မ တကိုယ်လုံးကို သူ့ဘက်လှည့်ပြီး သူ့ကိုကြည့်လိုက်တယ် ။ ပြီးတော့ မျက်ခုံးပင့်ပြီး ..
" နင် ဘာကိုဆိုလိုတာလဲ ?? "

အီဗန့်ကြည့်ရတာ စိတ်အေးလက်အေးမရှိသလိုပဲ ။ သူ့ ဘာကိုပြောချင်နေတယ်ဆိုတာကို အဖြေရှာမရသေးတဲ့ ပုံစံနဲ့ ။ သူ့လက်တစ်ဖက်ကို လည်ပင်းနောက်ထဲ ညှပ်လိုက်ပြီး သက်ပြင်းချပြန်တယ် ။
" ငါ မသိဘူး ... ဒီလိုဟာ ငါ ဒီရက်ပိုင်းတွေမှာ အရမ်းစိတ်ချမ်းသာတယ် ။ ဒီရက်တွေကို မကုန်ဆုံးသွားစေချင်ဘူး ။ အဲ့တော့ နင်ထွက်သွားဖို့ ဆုံးဖြတ်လိုက်တဲ့အခါကျရင် ငါ ဘာဖြစ်သွားမှာလဲ ? အဲ့တုန်းက ဘယ်လိုလေး‌တော့ပိုကောင်းကောင်းလုပ်လိုက်ရင် နင့်ကို ကယ်လိုက်နိုင်မှာ ဆိုတဲ့အတွေးတေနဲ့ တသက်လုံးနေသွားရတော့မှာ .."

10 Reasons Not To Die (ဘာသာပြန်) Zawgyi + Unicode ✔️Where stories live. Discover now