Day *1*

887 142 5
                                    


(Zawgyi)

Day 1 #မယ်လိုရီ

‌ဂေဟာကတော့ တနင်္ဂနွေနေ့မနက်ပိုင်းတွေဆို အမြဲလိုလိုကို တိတ်ဆိတ်နေတတ်တာပါပဲ ။ ဘာလို့ဆို ဒီက ကလေးတွေက (အများစုက ကျွန်မထက် အသက်ငယ်ကြတယ်)  တနင်္ဂနွေနေ့မနက်ပိုင်းတွေဆို ဂေဟာက စစ်စတာတွေနဲ့ ဘုရားကျောင်းကို လိုက်သွားတတ်ကြလို့‌ ။ စစ်စတာတွေကတော့ ကျွန်မကိုလိုက်ချင်လား၊မလိုက်ချင်လား အမြဲမေးတတ်ပါတယ် ။
ကျွန်မကသာ အမြဲ မလိုက်သွားပဲ နေဖြစ်တာ ။ ဘာလို့ဆို
ကျွန်မက ဘယ်တုန်းကမှလည်း ဘာသာတရားကိုင်းရှိုင်းခဲ့တဲ့သူ မဟုတ်ဘူးလေ ...

ထမင်းစားစားပွဲအရှည်ကြီးမှာ ကျွန်မထိုင်ပြီး မနက်စာစားနေတယ်။ ကျွန်မရှေ့တည့်တည့်မှာက ကျွန်မလိုပဲ ဘုရားကျောင်းလိုက်မသွားပဲကျန်နေခဲ့တဲ့ ကလေးမလေး ။ သူလေးက မနက်စာအဖြစ်ပေးထားတဲ့ ပေါင်မုန့်ကြမ်းတွေကို တစစီဖဲ့ပြီး ကျွန်မတို့အကုန်လုံးကို စစ်စတာတွေ ကူလုပ်ခိုင်းထားခဲ့တဲ့ စတော်ဘယ်ရီယိုလေးထဲ နှစ်ပြီးစားနေတယ်။

'' ဖေဖေနဲ့မေမေက သမီးကို ဘယ်တော့လောက် လာမွေးစားကြမယ် ထင်လဲဟင်? '' မယ်လိုရီလေးက သူမရဲ့ အသံချိုချိုလေးနဲ့ ကျွန်မကိုမေးတယ် ။ကျွန်မကို မော်ကြည့်နေတဲ့ သူလေးရဲ့မျက်ဝန်းပြာပြာလေးတွေက တလက်လက်တောက်ပလို့ ..

၆နှစ်အရွယ်လေးနဲ့တင်ကို မယ်လိုရီက အရမ်းကို လူကြီးလေးလို နားလည်တယ် ။ အရွယ်လေးနဲ့မလိုက်အောင်လည်း ဉာဏ်ကောင်းလွန်းတယ် ။ တခြား 6နှစ်အရွယ်ကလေးတွေနဲ့ ယှဉ်ရင် သူမက အများကြီး ပိုသိတယ် ။ သူမ ငယ်ငယ်လေးတုန်းက သူမအမေက သူမကို ဂေဟာရဲ့လှေကားထစ်နားမှာ စွန့်ပစ်သွားတယ်ဆိုတာကိုလည်း သိနေတယ် ။ ဒါပေမယ့် အဲ့လိုသိနေလို့ ဒီကလေးလေးက စိတ်ညစ်ပူဆွေးနေတာမျိုးမဟုတ်ဘူးနော် အမြဲတမ်း ရွှင်လန်းပြီး တက်ကြွနေသူလေး ။ ကလေးမလေးက အမြဲပြောလေ့ရှိတယ် ။ အရာအားလုံးက သူ့အကြောင်းအရင်းနဲ့သူ ဖြစ်လာတာတွေတဲ့ ။ ကဲ ...

'ကောင်းတဲ့၊သင့်တော်တဲ့မိသားစုက တနေ့ကျရင် လာခေါ်မှာပေါ့ '

မယ်လိုရီက ခေါင်းလေးတငြိမ့်ငြိမ့်နဲ့ သူ့ ဆံပင်အခွေအလိပ်လေးတွေကို နားနောက်ကိုညှပ်လိုက်တယ်
'အိုကေ'  တိုးတိုးလေးပြန်ဖြေပီး သူ့ဇွန်းလေးနဲ့ ပုလင်းထဲက စတော်ဘယ်ရီယိုတွေကို တိုက်ရိုက်ကော်စားတော့တယ် ။

10 Reasons Not To Die (ဘာသာပြန်) Zawgyi + Unicode ✔️Where stories live. Discover now