Day *10*

414 83 2
                                    




(Zawgyi)

Day 10 : #နင်

အီဗန် ဒီနေ့တော့ ကျောင်းမလာဘူး ။

မလိမ်မညာတမ်းပြောရရင် သူ့ကိုကျောင်းမှာမတွေ့လို့ ကျွန်မ နည်းနည်းတော့ စိတ်ပျက်သွားတယ် ။ တကယ်ဆို သူ့ကိုဒီနေ့တွေ့ဖို့ ကျွန်မ ပိုပြီးမျှော်လင့်ထားတာ‌လေ ။ ကျွန်မအတွက် သူ ဒီနေ့ဘာတွေများ planထားလဲဆိုတာ သိချင်လို့ ။ လွန်ခဲ့တဲ့ တစ်ပတ်ကျော်လောက်တုန်းက သူ ကျွန်မကိုသာ ‌အဲ့ချောက်ကမ်းပါးစွန်းမှာ မတွေ့ခဲ့ဘူးဆိုရင် ကျွန်မ ဘယ်လိုဖြစ်နေလောက်ပြီလဲဆိုတာကိုလည်း မကြာခဏစဉ်းစားမိတယ် ။

ကျွန်မ သိတာကတော့ ဒီလိုအခွင့်အရေးလေးတွေကို ဘယ်တော့မှ ကြုံဆုံခံစားလိုက်ရမှာ မဟုတ်ဘူးဆိုတာပဲ ။ အီဗန့်ဦးလေးရဲ့ bakeryထဲမှာ အီဗန့်ကို ကြက်ဥနဲ့ပေါက်တာတို့ ၊ Brown Uniကို ပညာသင်စားရိတ်အပြည့်အငြိမ်းနဲ့ ဝင်ခွင့်ရခဲ့တာတို့ ၊ အရေးကြီးဆုံးအရာကတော့ အီဗန်နဲ့ တူတူရှိခွင့်ရလိုက်တာကိုပေါ့ ။

ကိုယ့်အတွေးတွေကို ကိုယ်အစ‌အနပြန်ကောက်ပြီး သုံးသပ်ကြည့်လိုက်မှာ ကျွန်မ ကြက်သီးထပြီး တံတွေးပါမြိုချမိတယ် ။

ငါ အီဗန့်ကို ကြိုက်နေမိတာလား?

No ..မဖြစ်ရဘူး ..ကျွန်မ အီဗန့်ကို ကြိုက်လို့မရဘူးလေ ။ သူ ကျွန်မကို ကယ်တယ်ဖို့ကြိုးစားနေတယ်ဆိုတာလည်း ကျွန်မဘဝကို သနားတဲ့အချက်တစ်ခုကြောင့်ပဲ ။ ကျွန်မ သူ့ကို မကြိုက်ဘူး ။ ဘယ်တော့မှလည်း ကြိုက်မိမှာမဟုတ်ဘူး ။ ဒါမယ့်လည်း ကျွန်မ စိတ်က ကျွန်မ ဦးနှောက်ကပြောတဲ့စကားကို သွေဖီနေတယ် ။ ကျွန်မ တနေ့လုံး သူကျောင်းမှာရှိနေခဲ့ရင် ကောင်းမှာပဲလို့ အချိန်ပြည့်တွေးနေခဲ့တယ်လေ ။

ကျောင်းဆင်းတော့ ကျွန်မ သတ္တိမွေးပြီး အီဗန်နဲ့ ရင်းနှီးတဲ့ သူငယ်ချင်းကောင်လေးဆီ လျှောက်သွားလိုက်တယ် ။ သူ့နာမည်က မေစင်တဲ့ ။ သူနဲ့ အီဗန်က အမြဲလိုလို တပူးပူးတတွဲတွဲပဲ ။ ကျောင်းအပြင်ဘက်မှာလည်း သူတို့နှစ်ယောက်နဲ့ ခဏခဏ ဆုံဖူးတယ် ။
မေစင်က အီဗန့်အချစ်ဆုံးသူငယ်ချင်းထဲက တစ်ယောက်ဆိုတော့ ဒီနေ့ အီဗန် ဘယ်သွားလဲဆိုတာ သိလောက်မှာပဲလို့ ကျွန်မ ယူဆလိုက်တာ ။

10 Reasons Not To Die (ဘာသာပြန်) Zawgyi + Unicode ✔️Where stories live. Discover now