(Zawgyi)
Day 5 : #တံတားလေး
ထင်တဲ့အတိုင်းပဲ နောက်တနေ့ နေ့လည်ဘက်မှာတော့ အီဗန်ရောက်မလာခဲ့ပါဘူး ။ ပုံမှန်ဆို သူက ကျောင်းဆင်းပြီး တစ်နာရီ၊နှစ်နာရီလောက်နေရင် ရောက်လာတတ်တာ ။ ဒါမယ် ဒီနေ့တော့ သူမလာဘူး။ အဲ့အစား သူ ညဘက်မှ ရော
က်လာတယ် ။ တိတိကျကျပြောရရင် ၁၀နာရီလောက်မှ ။ စစ်စတာတွေအားလုံးလည်း သူဘယ်သူလဲဆိုတာ မေးစရာမလိုလောက်အောင်ကို အီဗန့်ကို မြင်ဖူးနေကြပြီ။ စစ်စတာအငယ်တစ်ယောက်က ကျွန်မကို အောက်ထပ်ဆင်းလာဖို့ လာခေါ်တယ် ၊ ကျွန်မ အောက်ရောက်တော့ ခုံတန်းမှာ ထိုင်နေတဲ့ အီဗန့်ကို ကလေးငယ်လေးတွေ ပတ်လည်ဝိုင်းနေလျက် တွေ့လိုက်ရတယ် ။" ကိုကိုက ရမ်မီ့ရဲ့ မင်းသားလေးလား ???" သွားမရှိတဲ့ ခုနှစ်နှစ်အရွယ် ကလေးမလေးကမေးတော့ သူက ရယ်တယ်။
" ဟုတ်တာပေါ့ " အီဗန့် ပြန်ဖြေသံကို ကြားလိုက်ရတော့ ကျွန်မ အလိုလျောက် နားစွင့်မိသွားတယ် ။
ကလေးမလေး အရမ်းအံဩသွားတယ် ။
" ကောင်လေးတေက အော့အော့တွေ သူတို့မှာ cootiesတွေရှိတယ် !! "အီဗန် ထပ်ရယ်လိုက်ပြီး ကလေးမလေးရဲ့ ဆံပင်တွေကို ဖွလိုက်တယ် ။
" မင်သားလေးတွေမှာဆို မရှိဘူး ကလေးရဲ့ "ကျွန်မ အလုံအလောက် ကြားပြီးသွားတဲ့နောက် နံရံနောက်ဘက်ကနေ ထွက်လာခဲ့တယ် ။ သူ့နားကိုသွား ကလေးလေးတွေ ပတ်ချာလည်ဝိုင်းနေတဲ့ သူ့ကို သွားဆွဲခေါ်လာခဲ့တယ် ။
" အခု ရမ်မီ့ကို မှော်တိုင်းပြည်ကြီးဆီ ခေါ်သွားတော့မှာလားဟင်? " တခြားကလေးမလေး တစ်ယောက်က လှမ်းမေးလိုက်တော့ ကျွန်မ ပါးတွေ နွေးသွားသလို ခံစားလိုက်ရတယ် ။
" ဘယ်လိုထင်လို့လဲ ? " အီဗန်က ပြန်စတယ်။
"ကလေးတွေ အိပ်ရာဝင်ချိန်ရောက်နေပြီမဟုတ်ဘူးလား "
အခန်းဝမှာ ရပ်ပြီးမေးလိုက်တဲ့ မာသာဂရေစ့်အသံကြောင့် ကလေးမလေးတွေအကုန် ကပျာကယာ အခန်းထဲကနေ ပြေးထွက်ကုန်ကြတယ် ။ မာသာဂရေစ့်က ကျွန်မကို မျက်လုံးတစ်ဖက်မှိတ်ပြပီး ကလေးတွေနောက် လိုက်သွားတယ်။ သူတို့ မအိပ်ခင် သွားတိုက်မျက်နှာသစ်ရဲ့လားဆိုတာ လိုက်စစ်မလို့နဲ့ တူပါရဲ့။
YOU ARE READING
10 Reasons Not To Die (ဘာသာပြန်) Zawgyi + Unicode ✔️
RandomI Do Not Own This Story and I decided to translate the story cause I just love it . ( Available in both Zawgyi & Unicode Vers ) Original Author is @Ricelover ❤️