Day *3*

421 108 6
                                    


(Zawgyi)

Day 3। #Baking

နောက်တနေ့ တနင်္လာကျောင်းဆင်းပြီးညနေပိုင်း အချိန်လောက်မှာ အီဗန် ဂေဟာကို ရောက်လာပြန်တယ်။ ကျွန်မ သူရောက်လာဖို့ မျှော်လင့်မထားပေမယ့် ရောက်လာလို့လည်း မအံ့သြသွားပါဘူး။

" သမီး အဲ့ဒီ့ကောင်လေးကို သိတယ်လား? '' မာသာဂရေ့စ်က ကျွန်မကို အခန်းထဲကနေ အောက်ဆင်းလာဖို့ လာခေါ်တဲ့အချိန်မှာ မေးတယ်။ မာသာဂရေ့စ် အမေးထဲမှာ အံ့သြမှုကို မနည်းဖုံးဖိထားရတဲ့ လေသံက သိသာနေတယ်။အံ့သြဆို ကျွန်မဆီ ဧည့်သည်လာတယ်ဆိုတာကလည်း ရှိမှမရှိတာလေ ။

ကျွန်မ အီဗန်နဲ့ အကြည့်ချင်းသွားဆုံတယ် ။ သူက ကျွန်မကို ပြုံးပြပြီး ပြောတယ် ။ '' ကျွန်တော်တို့က တစ်ကျောင်းတည်းတူတူ တက်ကြတာပါ ''

'' Oh ... '' မာသာဂရေ့စ်က အီဗန့်ကိုပြုံးပြလိုက်ပြီး‌ပြောတယ်။
" သမီးကို သူငယ်ချင်းနဲ့တူတူတွေ့ရတာ သိပ်ကောင်းတာပဲ ရမ်မီ "

ကျွန်မ နှုတ်ခမ်းလျှာသပ်မိတယ် ။
" သမီးတို့က အဲ့လိုကြီးလည်း .... "

" စိတ်မရှိပါ‌နဲ့ မာသာဂရေ့စ် ခဗျာ..ကျွန်တော် ရမ်မီ့ကို အပြင်လေးခဏလောက် ခေါ်သွားချင်လို့ပါ ။ တစ်နာရီ နှစ်နာရီလောက်ပါပဲ "
အီဗန်က မာသာဂရေ့စ်ကို မျက်နှာချိုသွေးပြီး‌ ဝင်ဖြတ်‌ပြောတယ် ။

မာသာဂရေစ့်က ခေါင်းတငြိမ့်ငြိမ့်နဲ့ ကျွန်မ ခါးကို ပုတ်‌ပြီး ခွင့်ပြု‌ကြောင်း‌ပြောတယ် ။ ကျွန်မ ညည်းတွားမိတယ် ။ မာသာဂရေ့စ်က ကျွန်မကို အီဗန်ရှိရာဘက်ဆီ အသာတွန်းလိုက်ပြီး
" ကြာချင်ကြာပ​စေ သား။ ခေါ်သာသွားချည် ၊ ရမ်မီက ကျောင်းသွားတဲ့အချိန်ကလွဲပြီး ဂေဟာထဲကနေ အပြင်ကို ထွက်တာမဟုတ်ဘူး "

အီဗန် မျက်ခွက်ကြီးဖြီးသွားပြီး
" ကျွန်တော် ကောင်းကောင်းဂရုစိုက်ပါ့မယ် "

အဲ့ဒါနဲ့ပဲ ကျွန်မ အီဗန့်နောက်ကနေ ပါလာရတယ်ပေါ့ ။ မာသာဂရေစ့်က ဂေဟာတံခါးတောင် ပြန်ပိတ်လိုက်ပြီ ။ ကျွန်မ သူ့ကို ဘုကြည့်ကြည့်ပြီး
" နင် ဒီနေ့ရော ငါ့ကို ဘယ်တေခေါ်သွားဦးမှာလဲ ?? "
ကျွန်မ ရွဲ့တဲ့တဲ့အသံနဲ့မေးလိုက်တယ်။

10 Reasons Not To Die (ဘာသာပြန်) Zawgyi + Unicode ✔️Where stories live. Discover now