Day *4*

381 106 9
                                    

(Zawgyi)

Day 4 : #မာသာဂရေစ့်

" ရှုပ်ပွနေလို့ အားနာတယ် ..ငါက နင့်ကို ဒီပြန်လိုက်လာလိမ့်မယ် မထင်လို့ "
ကျွန်မပိုင်တဲ့ နှစ်ထပ်ကုတင်ရဲ့ အောက်ထပ်အခြမ်း‌ပေါ်က တီရှပ်အဟောင်းကို အောက်ကိုဆွဲချပြီး ကျွန်မ အီဗန့်ကို ‌ပြောလိုက်တယ် ။

အီဗန် နည်းနည်းပြုံးလိုက်ပြီး‌...
" နားထောင်ရတာ နင်က ငါ့ကို ဒီမှာအလိုမရှိတဲ့ပုံလိုပဲ "

ကျွန်မ ပခုံးတွန့်ရင်း
" မလာစေချင်ဘူး ပွင့်ပွင့်လင်းလင်းပြောရရင် "..

သူ့ မျက်ခုံးတွေ ကြုံ့သွားတယ် ဝေခွဲရခက်တဲ့အကြည့်တွေနဲ့မေးတယ်
" ဘာလို့လဲ ? "

" ဆိုလိုတာကဟာ နင့်ကို ငါ ဘယ်လိုပုံစံမျိုးနေရတယ်ဆိုတာကို မမြင်စေချင်ဘူး ။ ငါက ဒီလိုအခန်းသေးလေးမှာ တခြားငါ့ထက် ၅နှစ်လောက်စီငယ်တဲ့ မိဘမဲ့ကလေးသုံးယောက်လောက်နဲ့ တူတူမျှနေရတယ်ဆိုတာကို နင့်ကို မမြင်စေချင်ဘူး "
ကျွန်မ အမှန်တိုင်းပြောပြရင်း ကျွန်မပိုင်တဲ့ အောက်ထပ်ကုတင်ပေါ်မှာ ဝင်လှဲလိုက်တယ် ။

ကျွန်မရဲ့ အခန်းဖော်တွေအကုန်လုံး ခု အောက်ထပ်မှာရောက်နေကြတာ ။ ထမင်းစားခန်းထဲမှာ အိမ်စာလုပ်နေရင်လုပ်နေ ၊ မလုပ်နေရင် ဧည့်ခန်းထဲက အဖြူနဲ့အမည်းပဲလာတဲ့ TVအဟောင်းလေးရှေ့မှာ TVထိုင်ကြည့်နေကြလောက်တယ် ။

အီဗန်က ကျွန်မဘေးမှာ ဝင်လှဲလိုက်တော့ ကျွန်မ အကြော‌တွေနည်းနည်းတောင့်သွားတယ်။ သူဘေးမှာ လှဲနေတာ ပြဿနာရှိလို့တော့မဟုတ်ပေမယ့် ဒီလိုအနေအထားက အရမ်းကြီးနီးကပ်လွန်းနေတယ်လေ ။

" အဲ့တာတွေက အရေးမပါပါဘူး "
အီဗန်က ကျွန်မ မျက်လုံး‌တွေကို ကြည့်ပြီး တီးတိုးပြောတယ် ။ ကျွန်မ ကုတင်က အကြီးကြီးမှ မဟုတ်တာလေ အဲ့တော့ ကျွန်မတို့မျက်နှာချင်းက တော်တော်လေး နီးနေတာ ။နည်းနည်းလေးထပ်တိုးလိုက်ရင်တောင် နှုတ်ခမ်းချင်းထိနေပြီ ။

" ငါ နင့်အကြောင်းတွေ သိပ်မသိဘူး " ကျွန်မ ပြောလိုက်တယ်။

" နင် ဘာကိုဆိုလိုတာလဲ? " အီဗန့်ထွက်သက်က ကျွန်မ လည်ချောင်းကို လာခတ်တယ် ။

10 Reasons Not To Die (ဘာသာပြန်) Zawgyi + Unicode ✔️Tahanan ng mga kuwento. Tumuklas ngayon