Day *7*

291 90 2
                                    



(Zawgyi)

Day 7: #သဘောကျတဲ့သူ

  ကျောင်းမှာရှိတဲ့မိန်းကလေးအများစုက အီဗန်ဝုစ်ကိုကြိုက်ကြတယ် မဟုတ်ရင်လည်း ကြိုက်ခဲ့ဖူးကြတယ်ပေါ့ ။ ကျွန်မကတော့ အဲ့တာဘာလို့လဲဆိုတာကိုနားလည်တယ် ။ သူက နာမည်ကြီးပေမယ့် မောက်မာမြောက်ကြွနေတတ်တဲ့ ကျောင်းကယော်ကျားလေးအများစုနဲ့ မတူဘူးလေ ။ အဲ့တာအပြင်ကို ဒင်းက ‌ရုပ်ကလည်း အသေချောသေးတာ ။

တကယ်ပါ.. သူဘယ်လောက်ချောကြောင်း ၊ မျက်ဝန်းစိမ်းစိမ်းလေးတွေက ဘယ်လိုညှို့အားရှိကြောင်း ချီးမွမ်းခံဝင်နေတဲ့ မိန်းကလေးတေနဲ့ ကျွန်မ နေ့တိုင်း တစ်ယောက်မဟုတ်တစ်ယောက် အမြဲကြုံရတယ် ။

ဒါပေမယ့် ဒီလိုမျိုး မိန်းကလေးတွေအများကြီးက သည်းသည်းလှုပ်ကြွေနေကြတာတောင် အီဗန်ကတော့ ဘယ်သူ့ကိုမှ စိတ်ဝင်စားမှုမပြခဲ့ပါဘူး ။ အတည်တကျ လူသိရှင်ကြားတွဲဖူးတဲ့ ချစ်သူလည်း ဘယ်တုန်းကမှမရှိခဲ့ဘူးလို့ သတင်းတွေကြားတယ်။

အဲ့တာကြောင့်မို့လည်း နောက်တနေ့ကျောင်းမှာ သူ့ကို အရမ်းလှတဲ့ဆံနီမလေးနဲ့ corridorမှာ ပူးပူးကပ်ကပ်တွေ့လိုက်ရတာက ကျွန်မအတွက် အံ့အားသင့်သွားစေတာပေါ့ ။

" မတရားလိုက်တာ!! " မလှမ်းမကမ်း လော့ကာနားမှာ ရပ်နေတဲ့ မိန်းကလေးတစ်အုပ်ဆီက မကျေမနပ်သံ ခပ်အုပ်အုပ်ထွက်လာတယ် ။
" ငါ့မှာတော့ အီဗန်နဲ့ စကားလေးတစ်ခွန်းလောက်ပြောရဖို့ကိုတောင် တစ်နှစ်လုံး‌ကြိုးစားခဲ့ရတာ.. "

" အဲ့တစ်ယောက် ကံကောင်းလိုက်တာ.. "
မနာလိုနေတဲ့ နောက်ထပ်ကောင်မလေးတစ်ယောက်ကလည်း ခပ်တိုးတိုးရေရွတ်နေတယ်။

ကျွန်မလည်း မရည်ရွယ်ဘဲ တွေးမိသွားတယ်။ ငါလည်းပဲ အဲ့ဒီ့ကံကောင်းတဲ့မိန်းကလေးတွေထဲက တစ်ယောက်များလားလို့ ။ အီဗန်က ကျွန်မ့ အသက်ကိုပါ ကယ်တင်ချင်နေတဲ့သူလေ ။ အတွေးနဲ့ပြုံးမိရင်း ကျွန်မ လော့ကာတံခါးကို ပိတ်လိုက်တယ် ။

ဖြစ်ချင်တော့ ကျွန်မတက်ရမယ့် ပထမဆုံးအချိန်အတန်းက အီဗန်နဲ့ ဆံနီမကို ဖြတ်သွားရမယ့် ဟောခန်းတစ်ဖက်ခြမ်းမှာဖြစ်နေတယ် ။ ကျွန်မ သူတို့နှစ်ယောက်နားကလည်း ကျော်သွားရော အီဗန်က အဲ့ကောင်မ‌လေးနားကနေ ခွာလိုက်ပြီး ကျွန်မနာမည်ကို လှမ်းခေါ်နှုတ်ဆက်တယ် ။
" ရမ်မီ !!"
သူ့အသံကြောင့် ကျွန်မ ခြေလှမ်းတွေတန့်သွားရော ။

10 Reasons Not To Die (ဘာသာပြန်) Zawgyi + Unicode ✔️Where stories live. Discover now