Prologue

1.8K 150 0
                                    


ချောက်ကမ်းပါးအစွန်း‌‌ဆီကို တရွေ့‌ရွေ့သွားနေတဲ့ ကျွန်မရဲ့‌‌ခြေထောက်တွေက အယိုင်ယိုင်အနဲ့နဲ့။ ‌ခြေလှမ်း‌တွေ ‌ချောက်ကမ်းပါးအဆုံးနားကို နီးကပ်လာတာနဲ့အမျှ ကျွန်မရဲ့လက်တွေလည်းအတုန်တုန်အရီရီနဲ့ သက်ပြင်းကြီးကြီးချမိတယ် ။ အောက်က ကျောက်ဆောင်အချွန်တွေရယ် ရေပြင်ကျယ်ကြီးကို ငုံ့ကြည့်မိတော့ ကျွန်မ ရင်တွေဆောင့်ခုန်လာတယ်။ ကျွန်မအခု ဒီချောက်နက်ကြီးပေါ်က ခုန်ကျလိုက်ရင် သေချာပေါက် ပွဲခြင်းပြီး သေမှာပဲ ။

ဒါပေမယ့် ဒီလိုမနာမကျင်ဘဲ မြန်မြန်ဆန်ဆန်လေး သေသွားရဖို့ဆိုတာ ကျွန်မအမြဲတမ်းလိုလားတောင့်တခဲ့ရတဲ့ အရာတစ်ခုပဲ မဟုတ်လား။

ကျွန်မကတော့ ဒီဘဝကြီးကို မြန်မြန်အဆုံးသတ်လိုက်ချင်တော့တာပါပဲ ။ ဒီ မလွတ်‌မြောက်နိုင်တဲ့ ငရဲတွင်းလို ဘဝကြီးထဲကနေပေါ့။ အဖေတို့အမေတို့နဲ့ တူတူ ဟိုးကောင်းကင်ဘုံပေါ်မှာပဲ သွားနေချင်တော့တယ်။ ခုလိုမျိုး မိဘမဲ့ဂေဟာမှာ ဘယ်သူမှမမွေးစားချင်တော့တဲ့အသက်အရွယ်မျိုးနဲ့ ခိုကပ်ပြီး မနေချင်တော့ဘူး ။သူတို့တွေက အသက်ငယ်ငယ်နဲ့ နာခံလိုစိတ်ရှိတဲ့ ‌ကလေး‌တွေကိုပဲ လြိုချင်ကြတာ ကျွန်မလို အသက်17နှစ်အရွယ် မိန်းကလေးမျိုးကို မွေးစားချင်ကြတာမဟုတ်ဘူး ။

ကျွန်မ ‌ခြေတစ်လှမ်း ထပ်တိုးလိုက်တယ် ....
အသက်ရှူ ရပ်သွားသလိုပါပဲ ခံစားရတာ

ရှေ့ကို နည်းနည်းလေးပဲ ထပ်တိုးလိုက်တာနဲ့တင် ကျွန်မ ဒီချောက်ကမ်းပါးထိပ်ကနေ ဒလိမ့်ခေါက်ကွေးပြုတ်ကျပြီ။

' နင် လုပ်နိုင်ပါတယ် ရမ်မီ‌ရယ်
နင် ဒီလိုလုပ်နိုင်ဖို့ နှစ်‌တွေအများကြီး စောင့်စားလာတာလေ '

ကျွန်မ ဘယ်ဘက်‌ခြေထောက်ကို အရှေ့ကိုဆန့်ထုတ်လိုက်တယ်၊
လေထုပါးပါးထဲမှာ ကျွန်မ‌ခြေထောက်ကတန်းလန်းဝဲနေရော

မျက်ရည်တစ်စက် ကျွန်မရဲ့ ပါးပြင်ပေါ်ကို စီးကျလာတယ်

ရုတ်တရက် ကျွန်မရဲ့ ခန္ဓာကိုယ်က ဘေးတိုက်အနေအထားနဲ့ လွင့်စင်သွားတယ်။ တစ်ခုခုနဲ့ နာနာကျင်ကျင် ထိရိုက်မိဖို့ကို မျှောင်လင့်ပြီး မျက်စိတင်းတင်းမှိတ် စိတ်ကိုပြင်ဆင်ထားလိုက်တယ်။ ဒါပေမယ့် ကျွန်မတကယ်တမ်း ထိတိုက်မိတာက ဖုန်တသောသောနဲ့ မြေပြင်ကြီး! မျက်စိဖွင်ပြီးကြည့်မိလိုက်တော့ ကျွန်မက ချောက်ကမ်းပါးနဲ့ တော်တော်လှမ်းတဲ့နေရာနားမှာ ဖြစ်နေတာ။

10 Reasons Not To Die (ဘာသာပြန်) Zawgyi + Unicode ✔️Where stories live. Discover now