Day *6*

319 84 2
                                    

(Zawgyi)

Day 6 : #ပျော်ရွှင်မှု

ကျောင်းကတော့ တ‌နေ့ထက်တနေ့ ထူးခြားလာတယ်ဆိုတာကို မရှိပါဘူး ။ လူတွေ ကျွန်မအနားကနေ လူးလာဖြတ်သန်းသွားကြတယ်။ တချို့က တချက်တချက် ကျွန်မကို လက်ပြနှုတ်ဆက်ကြတယ် ။
ကျွန်မကတော့ အသာအယာပဲပြန်ပြုံးပြဖြစ်ပါတယ် ။

ပွင့်ပွင့်လင်းလင်းပြောရရင် fake smile‌လေးနဲ့ပေါ့။

လူတိုင်းရဲ့အမြင်မှာတော့ ကျွန်မက သာမာန်ထူးခြားမှုမရှိတဲ့ ကျောင်းသူလေးတစ်ယောက်ရယ်ပေါ့ ။ ဘာဆို ဘာပြဿနာမှာမရှိတဲ့ အေးချမ်းတဲ့ မိန်းကလေးတစ်ယောက်။ ဟန်ဆောင်အပြုံးတွေရဲ့အောက်က ကျွန်မဘဝထဲမှာ တစ်စုံတရာမှားယွင်းပျက်ပြားနေခဲ့တယ်ဆိုတာ ဘယ်သူက ပြောနိုင်မှာလဲ ။

သူတို့ ပြောနိုင်ကြမှာ မဟုတ်ဘူး။

အဲ့အပြုံး‌အောက်က ညစ်ထွေးတဲ့လျို့ဝှက်ချက် တပုံတပင်နဲ့ကျွန်မကို ။ ဘယ်သူမှ မထင်မှတ်ထားနိုင်လောက်တဲ့ လျို့ဝှက်ချက်တွေနဲ့ ကျွန်မကိုလေ ။ ဆိုလိုတာကကွာ.. ရမ်မီ မွန့်ဂိုမယ်ရီဆိုတဲ့ ကျွန်မဟာ မိဘမဲ့တစ်ယောက်ဆိုတာကို ဘယ်သူက မှန်းဆမိလောက်မလဲ .. ကျွန်မရဲ့ မိဘနှစ်ပါးလုံး ကားအက်ဆီးဒန့်ကြောင့် ဆုံးပါးသွားခဲ့တယ်ဆိုတာတွေ .. Oh နေဦး .. အကောင်းဆုံးတစ်ချက်ကျန်သေးတာပဲ ။ ရမ်မီ မွန့်ဂိုမယ်ရီဆိုတဲ့ ကျွန်မက ကိုယ့်ကိုကိုယ်သတ်သေဖို့ ကြံစည်ခဲ့တယ်ဆိုတာကိုရော ဘယ်သူကများ ခန့်မှန်းနိုင်ခဲ့လောက်မလဲ ??

No oneပါ ဘယ်သူမှ ..ပါပဲ။

" ရမ်မီ ! နင် ဒီမှာ ဘာလုပ်နေတာလဲ ?
နေ့လည်စာစားချိန်ရောက်နေပီလေ "
ရုတ်တရက်မေးလိုက်တဲ့ အသံဆိုးကြောင့် ကျွန်မ အတွေးလွန်နေရာကနေ ရုတ်တရက် လန့်သွားမိတယ် ။

ကျွန်မရှေ့မှာ မိုးပြီးလာရပ်နေတဲ့ ကိုယ်တော်ချောကို ကျွန်မ မော့ကြည့်လိုက်တယ် ။ သူက ကျွန်မရှေ့မှာချထားတဲ့ ဖတ်စာအုပ်တွေကို ငုံ့ကြည့်နေလေရဲ့ ။

" နင်က ငါဘာလုပ်နေတယ်ထင်လို့လဲ ? စာကြည့်တိုက်ထဲ Physicsစာအုပ်တေလာထုတ်ပြီး ရေမြင်း အစာသွားကျွေးမယ် ထင်နေတာလား?
စာလုပ်နေဝာာဟဲ့ လဒရဲ့ "

10 Reasons Not To Die (ဘာသာပြန်) Zawgyi + Unicode ✔️Where stories live. Discover now