Episode 25

2.6K 273 91
                                    

Unicode

ခြောက်ဆွဲခေါက်ထုပ်နဲ့ရေဗူးတစ်ချို့ထည့်ထားသောကျွတ်ကျွတ်အိတ်‌လေးအားကျစ်ကျစ်ပါအောင်ဆွဲကိုင်ပြီး လူရိပ်လူခြေကြည့်ကာ တည်းခိုခန်းဆီတ‌ရွေ့‌ရွေ့ဦးတည်သွားနေမိသည်။ အခုထိတော့တည်းခိုခန်းတစ်ဝန်းမှာ လူသိတစ်ယောက်မှမတွေ့သေးတာမို့ Yoongiစိတ်အနည်းငယ်ပေါ့သွားသည်။ ထို့နောက် ငှားတဲ့အခန်းရှေ့အရောက်တွင်အပျော်တကြီးဖြစ်ကာအားပါပါနဲ့တံခါးကိုဆွဲဖွင့်လိုက်ပေမယ့် ဗလာနတ္ထိ ဘယ်သူမှမရှိတဲ့အခန်းငယ်ကကြိုဆိုနေတာမို့ Yoongiတုန်လှူပ်မိသည်။

" Jiae ah... "

စိုးရိမ်စိတ်တွေကြောင့်တုန်တုန်ရီရီ‌ဖြာကျလာတဲ့အသံတွေနဲ့အော်ခေါ်နေမိပါသော်လည်း ထူးပြန်သံတစ်ခွန်းမှမကြားရပေ။ သို့ပေမယ့် သူဇွဲမလျှော့နိုင်...၊ ထိတ်လန့်နေသောကြောက်စိတ်တို့နဲ့အတူ ရေချိုးခန်းတံခါးဝရှေ့ဆီအားတင်းပြီးခြေချလိုက်သည်။

" ဒီထဲမှာမလား... ကိုယ့်ကိုနောက်နေတာမလား။ "

မျှော်လင့်ချက်တစ်စုံတရာရောပွန်းနေသောမေးခွန်းတို့ကတစ်လုံးစီဖွင့်အံလာသော်လည်း တိတ်ဆိတ်ဆဲတိတ်ဆိတ်မြဲဖြစ်နေတဲ့ရေချိုးခန်းအတွင်းပိုင်းကြောင့် ခပ်ယဲ့ယဲ့‌မျှော်လင့်ချက်အမျှင်တန်းလေးဟာပျက်ကျလုနီးပါးဖြစ်နေပြီ။ စိတ်စုကာဖွင့်ချလိုက်သောတံခါးရဲ့နောက်ကွယ်ကအမှန်တရားဟာ သူ,မလိုချင်တဲ့ခါးသီးသောအမှန်တရားဖြစ်နေခဲ့သည်။

" တောက်!!!

နောက်ကျသွားပြီ။ Jiaeကိုသူတို့ခေါ်သွားကြပြီ။ "

တစ်ကယ်ကိုအပေါ့တရော့နိုင်တဲ့တည်းခိုခန်းဆိုတာသိပေမယ့် စိတ်မနှံ့တဲ့ဧည့်သည့်တစ်ယောက်ကိုတောင်ထိန်းသိမ်းနိုင်စွမ်းမရှိတော့တဲ့အထိကို စုတ်ပဲ့နေမည်ဆိုတာမထင်ထားခဲ့မိပေ။

Yoongiအခုချိန်မှာဒေါသရိပ်ကြောင့်အရာအားလုံးကိုအပြစ်တင်နေမိသည်။ ကမူးရှူးထိုးဆန်တဲ့စိတ်ကြောင့်မလုပ်သင့်တာတွေလုပ်မိသွားခဲ့ရင်တောင် အခုချိန်မှာ သူနောင်တရမိမှာမဟုတ်။

" Kim Taehyung!! Jeon Jungkook!!

မင်းတို့ကို.... အသေသတ်ပစ်မယ်။ "

Beyond The Tragic Ending (✔︎)Where stories live. Discover now