Zawgyi
ဦးခေါင်းအရင်းပိုင်းမှ တစ်ရစ်ရစ်နှင့်ထိုးကိုက်နေသောဒဏ်ကြောင့် Jungkookတစ်ယောက်နေ့မမြင့်ခင်နိုးလာသည်။ ရှုပ်ပွနေသောအိပ်ယာခင်းနှင့်စောင်လုံးများကြားက သူ့ခန္ဓာကိုယ်ဟာအဝတ်မဲ့ခြင်းဖြင့်သာ....။ စောင်အပုံလိုက်ကြီးအားဖယ်ချလိုက်တော့ မြင်လိုက်ရတဲ့အညစ်အထေးတွေဟာ သူ့အားစိတ်ရှုပ်စေသည်။
" တစ်ကယ်ပဲ ဘာတွေလဲ။"
ကြမ်းပြင်ထက်ခြေချကာ သူမတ်တတ်ရပ်ဖို့ကြံလေသော အကြောင်းရင်းမသိစွာ အားပြည့်သလိုဖြစ်နေတဲ့ခန္ဓာကိုယ်ကြောင့် သူအံ့ဩရပြန်သည်။
" ညကအစောကြီးအိပ်လိုက်လို့များလား။"
သူအနီးနားကတဘက်တစ်ထည်ယူကာ ခါးမှာပတ်လိုက်ရင်း ရေချိုးခန်းထဲဝင်မည်အလုပ်တွင် တစ်နေရာရာမှကြားလိုက်ရသော ငိုရှိုက်သံသဲ့သဲ့လေးဟာ သူ့စိတ်အားထူပူစေသည်။ ကြားယောင်တာပါလို့တွေးချင်ပေမဲ့ တစ်စတစ်စပိုပီပြင်လာသောငိုရှိုက်သံလေးကြောင့် သူအခန်းထောင့်နေရာပါမကျန် မျက်စိဝေ့ကာရှာကြည့်မိတော့ ကုတင်ခြေရင်းထောင့်စွန်းနားလေးတွင် ခပ်ပုံ့ပုံ့လေးထိုင်ချကာ ငိုကြွေးနေပါသောသူမ...။
" နာဘီ..!"
ဟိုတစ်စဒီတစ်စ ပြဲရဲနေလေသောအင်ကျီလေးအား သူမခမျာလျော့တိလျော့ရဲလေးသာ ဝတ်နိုင်လေတယ်။ အနည်းငယ်ရှုပ်ပွနေသောဆံနွယ်များကြားက အားပျော့နေသယောင်သူမမျက်နှာလေးသာ မမြင်ရက်စရာ...။
သူမနားသို့ခပ်မြန်မြန်သွားလိုက်ကာ သူမရှေ့ထိုင်ချလိုက်ရင်း... မေးဖျားမှတစ်ဆင့်ဆွဲမော့ကာ သူနဲ့မျက်နှာချင်းဆုံစေသည်။
" နာဘီ....
မဟုတ်မှလွဲ.. ကိုယ်တို့တွေ...။"ငိုထားလွန်းလို့နီရဲနေပြီဖြစ်တဲ့သူမမျက်ဝန်းတွေဟာ အခုအခါမှာသောမင်သေသေဖြင့်သာ...။
" ဟာကွာ..."
Jungkookပါသူမဘေးထိုင်ချလိုက်ရင်း သူ့စိတ်သူအားမလိုအားမရဖြစ်ကာ ခပ်ကြမ်းကြမ်းဆွဲဖွာမိတဲ့ဆံနွယ်တွေကသာ ဓားစာခံသက်သက်ဖြစ်ခဲ့ပြီ။
YOU ARE READING
Beyond The Tragic Ending (✔︎)
FanficIf I could change the fact that I love you... Jk x Nabi Taehyung x Jiae Cremie's third completed fiction. August 24, 2020 - January 4, 2021 #cremie