Extra 1

2.5K 250 70
                                    

Unicode

" ဟိုတစ်ယောက်!! "

ကျောင်းဂိတ်ဝတွင် လွယ်အိတ်ကြိုးစလေးကိုတလိပ်လိပ်လုပ်ရင်း အိမ်ကလာကြိုမည့်ကားကိုစောင့်နေစဉ် ကြားလိုက်ရသောခေါ်သံကြောင့် သူမမျက်‌မှောက်ကြုတ်ကာစုတ်တစ်ချက်သတ်မိသည်။ အရှုပ်အယှက်ကိစ္စကြီးကြီးမားမားတွေဖြေရှင်းရမှာကိုအမုန်းဆုံးမို့ စကားနဲ့သာအတတ်နိုင်ဆုံးငြင်းပေမယ့် လူပြောသည့်စကားကိုလူတစ်ယောက်လိုနားမလည်တတ်သောထိုသတ္တဝါအား အကြိမ်ပေါင်းများစွာပြောပြီးသား စကားတွေကိုပဲငြီးငွေ့ဖွယ်ထပ်ပြောရဦးမှာကြောင့် သူမစိတ်ပျက်လာပြီ။ ထိုချိန်ခပ်လှမ်းလှမ်းကနေပြေးလာနေတဲ့ သူမကိုအနှောင့်အယှက်အ‌ပေးဆုံး ကျောင်းရဲ့အပေတေဆုံးကျောင်းသားကို သူမလျစ်လျုရှုဖို့သာတွေးလိုက်သည်။

" Junghwa...!! ငါဒီလောက်ခေါ်နေတာမကြားဘူးလား။"

"....."

ထိုကျောင်းသားကတော့ မကျေနပ်သောဟန်ဖြင့်တောက်တစ်ချက်ခေါက်လေတော့ Junghwaရဲ့အကြည့်စူးစူးတွေဟာထိုကျောင်းသားပေါ်သို့ထင်းကနဲကျရောက်သည်။

" ဟက်!! နင်ကငါ့ကိုပြန်မော်ကြည့်ရဲတယ်ပေါ့လေ။ ငါ့နင့်စီနီယာဆိုတာမမေ့နဲ့ Jeon Junghwa!!"

" စီနီယာ? နင့်ဘာသာ သုံးနှစ်လောက်အတန်းမအောင်လို့ပြန်တက်နေရတာကို ဘာတွေများအထင်ကြီးစရာရှိလို့ စီနီယာလို့လာအာကျယ်နေရတာလဲ။ နင့်လိုလူမျိုးနဲ့ အရောတဝင်စကားပြောချင်စိတ်မရှိဘူး။ "

ထိုသို့ပြောပြီးတစ်ဖက်သို့အကြည့်လွှဲသွားတဲ့တစ်ခနမှာပဲ အကြမ်းပတမ်းဆွဲကိုင်ခံလိုက်ရတဲ့လက်ကောက်ဝတ်လေးကြောင့် ဟန်ချက်ပျက်သွားသောသူမကိုယ်လေးမှာဒယိမ်းဒယိုင်ဖြစ်သွားသည်။ အားချင်းမမျှလွန်းတာမို့အတင်းချုပ်ကိုင်ထားတဲ့ထိုကျောင်းသားရဲ့လက်သန်သန်တွေကို Junghwaတွန်းဖယ်၍မနိုင်...။

ထိုစဉ်အရှိန်ဖြင့်‌မောင်းလာတဲ့ကားအနက်တစ်စီးဟာ လျှောက်လမ်းဘက်မှာရပ်‌နေတဲ့ထိုကျောင်းသားရဲ့လက်တစ်ဖက်ကို ပွန်းသည်ဆိုရုံမျှဖြစ်အောင်ရှပ်တိုက်သွားပြီး ဂိတ်ပေါက်ဝသို့ဝှီးကနဲထိုးဆိုက်လိုက်သည်။ ထိုကျောင်းသားမှာလည်းရုတ်ချည်းအတိုက်ခံလိုက်ရတာမို့ ပွန်းပဲ့ကာစပ်ဖျဉ်းဖျဉ်းဖြစ်သွားတဲ့လက်မောင်းကြောင့် တစ်ဖက်ကJunghwaကိုဆွဲကိုင်ထားတဲ့လက်တွေဟာ သတိလက်လွတ်ဖြစ်ကာလွတ်ပေးလိုက်မိသည်။

Beyond The Tragic Ending (✔︎)Where stories live. Discover now