Bonus Part

3.2K 249 44
                                    

Unicode

" ကလေးရေ.. ဘာအတွက်စိတ်ဆိုးနေလဲမသိပေမယ့် ကိုကို့ကပဲတောင်းပန်တာမို့ တံခါးလေးဖွင့်ပေးပါ နော်..."

အခန်းထဲမှဘာတုံ့ပြန်သံမှမကြားရ...။ အခုက Jiminမိတ်ဆွေတွေကဖိတ်တဲ့ပါတီကနေပြန်လာပြီးတည်းက အခုလိုကောက်သွားတာဆိုပါတော့။

ပြဿနာအစက...

ပါတီတွင် ငယ်မိတ်ဆွေတစ်ချို့က ငယ်ငယ်ကအကြောင်းတွေပြောနေတုန်း အနားမှာကလေးလည်းရှိနေခဲ့တယ်။

" ဒါနဲ့ မှတ်မိသေးလား Jimin... မင်းရဲ့ yoongiဘဝကို... မင်း Park Jiminအဖြစ်နဲ့ခံယူတုန်းကအတော်ကြာခဲ့မှာပေါ့။ ထောင်ကလွတ်လာတာနဲ့ တရားဝင်တန်းပြောင်းလိုက်တာလား။" 

ထိုစကားကိုကြားတော့ အရင်ဆုံးကလေးမျက်နှာကိုကြည့်မိသည်။ ဒါကလေးကိုမပြောဖြစ်ခဲ့တဲ့အကြောင်းတွေပဲ... ။ ကလေးကတော့မျက်ဝန်းအဝိုင်းသားနဲ့ကျွန်တော်ပြောမည့်စကားတွေကိုမျှော်နေခဲ့တယ်လေ။

" အင်းး... ငါဟိုကလွတ်တာနဲ့ မှတ်ပုံတင်အစအဆုံးပြန်လျှောက်လိုက်တာ ။ အရမ်းရယ်တော့မကြာပါဘူး။"

" ဪ... ဒါနဲ့ မင်းငယ်ဘဝအကြောင်းပြောမယ်ဆို ကုန်မယ်တောင်မထင်ပါကွာ။ အဓိက,က ငယ်ချစ်ဦး Jiaeနဲ့ပတ်သတ်ပြီးပေါ့။"

အရိပ်အခြေနားမလည်တာလား ၊ တမင်ချောက်တွန်းတာလားမသိပေမယ့် ထိုသူငယ်ချင်းကြောင့်တော့ခက်ပြီ။

ထိုစကားကြောင့် Junghwaမျက်နှာဟာနီရဲလာပြီးအံကိုကြိတ်ခဲထားမိသည်။ ငယ်ချစ်ဦး? ဒါကအရေးကြီးတာမဟုတ်ပေမယ့်... အဲ့တာက တီလေးတဲ့လား..?? ဒါဆို ကိုကိုကသူ့အပေါ်ကိုတောက်လျှောက်လျှို့ဝှက်ထားခဲ့တာပေါ့??

ဝမ်းနည်းသည်ရော ခံပြင်းသည်ပါရောပွန်းပြီး သူမထိုနေရာတွင်ကြာကြာနေချင်စိတ်မရှိတော့ပေ။ ဒါကိုရိပ်မိတာမို့ Jiminလည်းသူမကိုခေါ်ကာပါတီမှထွက်လာခဲ့လိုက်သည်။ အပြန်တစ်လမ်းလုံးစကားမပြောသည်မှာ ယခုအိမ်ရောက်တဲ့အထိပင်။

အခုလည်းစိတ်ကောက်ကာ အခန်းတံခါးမဖွင့်ပေး...။

" ကလေး... ကိုယ်တောင်းပန်ပါတယ်။ ဒါတွေကအရင်ဖြစ်ခဲ့တယ်ဆိုတာမှန်ပေမယ့် အခုချိန်မှာကိုယ့်နှလုံးသားထဲကလေးတစ်ယောက်ပဲရှိတာပါ ။
ကိုယ့်ကိုချစ်ရင် တံခါးဖွင့်ပေးပါ။ နော်...?"

Beyond The Tragic Ending (✔︎)Where stories live. Discover now