Episode 4

3K 360 50
                                    

Unicode

ခြံဝန်းထဲဝယ် ငြင်သာစွာတိုက်ခတ်နေသော လေပြေတို့ကို မျက်စိမှိတ်စွာခံယူရင်း လက်ရှိခနကမေ့ထားလိုက်မိသည်။ ရာသီဥတုကကိုယ့်ဘက်ပါနေသည်မို့ စိတ်ပြေလက်ပျောက်ခြံထဲလမ်းဆင်းလျှောက်တာ အရာရောက်ခဲ့ပြီ။

အချိန်တစ်ခုထိကြာပြီးတဲ့နောက်မှာတော့ နာဘီအိမ်ကြီးထဲသို့ပြန်ဝင်ခဲ့လေတယ်။ ထို့နောက် အဒေါ်ကြီးနှင့် ကောင်မလေးအချို့ ပြာတိပြာယာအိမ်နောက်ဖေးဘက်သို့ဝင်သွားတာကိုတွေ့မိလို့ နာဘီပါလိုက်ဝင်ကြည့်မိတယ်။

အလျင်စလိုတစ်ခုခုကိုချက်ဖို့ပြင်နေသည်ကိုတွေ့မိလို့ နာဘီတစ်ယောက်အဒေါ်ကြီးအား အကြောင်းအရင်းကို မေးမိသည်။

" အဒေါ်ကြီး... ဘာတွေချက်နေတာလဲ.. အခုချိန်ကကျွန်မမှ မစားဖူးတာ..."

" မဟုတ်ဖူး သူဌေးကတော်လေးရဲ့...ဒါ သူဌေးလုပ်ခိုင်းလိုက်တာပါ.. ဒီနေ့တော့ နေ့လည်စာကော ညစာပါအိမ်မှာစားမယ်လို့ အိမ်တော်ထိန်းKangလာမှာသွားလို့ပါ.."

" သူက..?"

ဂျောင်ကုအိမ်မှာထမင်းပြန်မစားတာကြာခဲ့ပြီ..။ ဒီနေ့တော့ အလုပ်နားရက်မို့လို့များလား...။ ဒါမှမဟုတ်... မမတို့နှစ်ပတ်လည်နီးပြီမို့ အိမ်ကမခွာချင်တာများလား..။ အို... ဘယ်လိုမဆိုပါလေ..။ ဒါဟာ အခွင့်ကောင်းတစ်ခုလို့ နာဘီတွေးမိကာ အတွေးနဲ့ပင် ပျော်လွန်း၍ရူးနိုင်သည်။

ထို့နောက် အတွေးတို့ကိုခနတာ လက်စသတ်ကာ...

" အဒေါ်ကြီး... ဒါတွေထားသွားလိုက်ပါ... ကျွန်မလုပ်လိုက်မယ်"

" သူဌေးကတော်လေး အေးဆေးနားနေပါ... အဒေါ်ကြီးပဲသေချာလုပ်လိုက်ပါ့မယ်"

ထိုအခြေအနေကို အိမ်တော်ထိန်းဂန်မြင်သွားသည်မို့ အိမ်နောက်ဖေးသို့ဝင်လာကာ..

" အဒေါ်ကြီး... ထားသွားလိုက်ပါ... သူဌေးကတော်လေးကလုပ်မယ်လို့ပြောနေတယ်မလား"

" ဟုတ်... ဟုတ်ကဲ့"

အဒေါ်ကြီးထွက်သွားတာနဲ့ အိမ်တော်ထိန်းဟာ အေပရွန်အသစ်တစ်ထည်ကိုယူကာ နာဘီအားသေချာစွာစည်းပေးရင်း...

Beyond The Tragic Ending (✔︎)Where stories live. Discover now