Zawgyi
" Min Yoongi... ခင်ဗျားအပုန်းကောင်းလှချည်လား..။"
Jungkookထံမှတစ်လုံးစီထွက်အံလာတဲ့ နာမည်က Park Jiminအဖို့...တစ်နည်းအားဖြင့် Min Yoongiအဖို့ မေ့ပစ်လိုက်ချင်တဲ့အတိတ်ဆိုးထဲက ဇာတ်ကောင်တစ်ခုအနေနဲ့သာ မှတ်ဉာဏ်ထဲရှင်ကျန်ရစ်နေသည်။
မင်သေသေမျက်နှာထားကိုအတတ်နိုင်ဆုံးဖုံးဖိလိုက်ကာ ဟန်ဆောင်အပြုံးတစ်ခုကJiminနှုတ်ခမ်းထက်အလိုလိုဖော်ဆောင်ရင်း Jungkookစကားတွေကိုပြန်ချေပဖို့ပြင်လိုက်သည်။
" Min Yoongi?
ဘယ်သူများလဲ..။ လူမှားနေပြီထင်တယ်... ကျွန်တော်နာမည် Park..Ji..Min..! CEOပြောတဲ့ Min Yoongiဆိုတာ ပထမဆုံးကြားဖူးတဲ့နာမည်ပါ။"မျက်နှာပြောင်တိုက်တတ်လွန်းတဲ့ ခင်ဗျားကတစ်ကယ်ပဲလူသတ်ဖို့အထိကြံစည်ခဲ့တယ်ဆိုတာ အရမ်းကြီးတော့လည်းထူးဆန်းမနေပါဘူး...။
Jungkookတစ်ယောက် jiminကိုစူးရဲစွာကြည့်ရင်း ခေါင်းတဆက်ဆက်ငြိမ့်ကာ လက်ထဲကဆေးမှတ်တမ်းများအားကျစ်ကျစ်ပါအောင်ဆုတ်ကိုင်ရင်း သူမြင်သာအောင်ထောင်ပြလိုက်သည်။
" ဒါဆို ဒီဆေးမှတ်တမ်းတွေက လိမ်နေတယ်ဆိုတဲ့သဘောလား...။ လွန်ခဲ့တဲ့ငါးနှစ်တုန်းက ခင်ဗျားရဲ့ခွဲစိတ်မှုမှတ်တမ်းတွေကို မျက်ဝါးထင်ထင်တွေ့နေရတာတောင် အလိမ်အညာလို့ပြောဦးမလား Min Yoongi..."
ထိုသို့ပြောလာတော့ Jiminရဲ့မျက်ဝန်းများဟာရိုးသားခြင်းကင်းမဲ့သောမျက်ဝန်းတစ်စုံအသွင်သို့ ရုပ်ချည်းပြောင်းလဲသွားကာ မခို့တရို့အပြုံးပါးပါးလေးတစ်ခုကလည်း နှုတ်ခမ်းထက်တွဲခိုလို့သာ...။
" ကျွန်တော်က Min Yoongiဆိုတော့ရော ဘာတွေပြောင်းလဲလာမှာမလို့လဲ..။ Min Yoongiဆိုတဲ့လူယုတ်မာကို ကျွန်တော့်စိတ်ထဲကနေ အပြီးပိုင်မြေမြုတ်သတ်ပစ်လိုက်ပြီ။ အခုခင်ဗျားအရှေ့မှာရှိနေတာက jimin.. park jimin! "
တစ်ခြားတစ်ယောက်လုံးလုံးကဲ့သို့စကားကို ပြောနေတဲ့jiminဟာ တစ်ကယ်ပဲတွေးစရာတစ်ခုပင်။ ဘာတွေထပ်ကြံစည်နေသေးတာလဲ။
" ငါမင်းကိုတစ်ခုပဲမေးမယ် Yoongi..!! မင်းဘာလို့ငါတို့ညီအစ်ကိုကိုသတ်ပစ်ဖို့ကြံစည်ခဲ့ရသလဲ။"
YOU ARE READING
Beyond The Tragic Ending (✔︎)
FanfictionIf I could change the fact that I love you... Jk x Nabi Taehyung x Jiae Cremie's third completed fiction. August 24, 2020 - January 4, 2021 #cremie