Episode 15

2.4K 334 55
                                    

Zawgyi

" noonaရှင်းပြပရစေ။"

အသနားခံချိန်တိုင်းဖြစ်‌ပေါ်လာ‌တဲ့ သူမရဲ့မျက်ဝန်းရွဲရွဲတို့ကိုကြည့်ပြီးjungkookမလွန်ဆန်နိုင်မိပါ...။ လက်ခံနိုင်‌လောက်တဲ့ အ‌ကြောင်းပြချက်အထိဖြေရှင်းပေးပါnoona...။ နောက်ထပ်တစ်ခါ တွန်းဖယ်‌နေတဲ့လက်တစ်စုံကို ထပ်ပိုင်ဆိုင်ရမှာကြောက်လွန်းလို့ပါ။

Jiaeအားကုတင်ပေါ်ထိုင်စေရင်း သူမ‌ခြေရင်းတွင်ဒူးချထိုင်လိုက်တဲ့jungkook...။ သူမရဲ့လက်နှစ်ဖက်လုံးကိုတင်းတင်းဆုပ်ကိုင်ရင်း မော့ကြည့်လာတဲ့ခပ်ကြည်ကြည်မျက်ဝန်းလေးနှစ်ဖက်ဟာ သူမရဲ့အားနာမှုကိုအထွဍ်အထိပ်သို့‌တွန်းပို့နေသည်။

ခါးပေမဲ့ အမှန်တရား‌တွေမို့noonaပြောပြရမယ့်အချိန်တန်ပြီjungkook..။

" အမှန်တော့ noonaနှလုံးသားထဲမှာအခုထိအမြစ်တွယ်ပြီးချစ်‌နေစဲက Taehyungပဲ jungkook..။"

သူမရဲ့စကားကိုကြားပြီးတာနဲ့ မျက်ကြည်လွှာထက်ဝေ့လည်နေသောအရည်ကြည်တို့ဟာ ခပ်စေ့စေ့မှိတ်ချလိုက်တဲ့မျက်ခွံကိုအံတုရင်းပါးပြင်တစ်လျှောက်ပေါက်ကနဲစီးကျလာပြီ။ အမုန်းဆုံးဖြစ်နေခဲ့တဲ့ ဒီစကား။ မကြားချင်ပေမဲ့ ကြားလိုက်ရတဲ့အဆုံး သူမလက်တွေကိုဆုပ်ကိုင်ထားတဲ့jungkookရဲ့လက်အစုံဟာ ပိုလို့တင်းကျပ်လာကာ....

" မကြားခဲ့ဘူးလို့ပဲမှတ်လိုက်မယ်noona..."

" ဟင့်အင်း Jungkook... မင်းကြားပြီးပြီ။ အမှန်တရားကိုကြားပြီးပြီမို့ သိလည်းသိသင့်ပြီ။"

" လက်မခံ‌ပေးနိုင်ဘူး!!!"

Jungkookလည်းjiaeကိုအော်လိုက်မိသည်။ ဒါဟာမှားနေရင်တောင် Noonaကကျွန်တော့်အပိုင်ဆိုပြီးတော့ ကျွန်တော်ထပ်ခါတစ်လဲလဲပြော‌နေမိမှာပါ..။

" မင်းလက်ခံရမယ်jungkook! မင်းကိုယ်မင်းမလိမ်နဲ့။ မင်းကော...အခုထိ နာဘီ့ကိုမေ့လို့မရသေးဘူးမလား။"

Jungkookမျက်လုံးနှစ်ဖက်ကိုစေ့စေ့ကြည့်ရင် ပြောလိုက်တဲ့jiaeရဲ့စကားတွေကို Jungkookအလူးအလဲငြင်းဆန်ချင်မိသည်။ ဒီလိုတော့ဘယ်ဟုတ်မလဲ... ဆယ်နှစ်ကြီးများတောင် သူမကိုမေ့နိုင်အောင်ကြိုးစားခဲ့ပြီးပြီ‌လေ။ အခုချိန်မှာကျွန်တော်လိုအပ်တာnoonaကလွဲပြီးမရှိဘူး။

Beyond The Tragic Ending (✔︎)Where stories live. Discover now