Episode 24

2.5K 298 66
                                    

Unicode

အပြင်လောကရဲ့‌လေပြည်တွေကိုမြည်းစမ်းခွင့်ရတော့မှာမို့တက်ကြွနေတဲ့Jiaeကိုကြည့်ပြီးyoongiလည်းရင်ထဲမှာလှိုက်လှိုက်လှဲလှဲပျော်မိပါသည်။ သို့ပေမယ့် မရေရာတဲ့လမ်းကြမ်းတစ်ခုကိုအတူတူဖြတ်ကျော်ရမှာမို့ ခလုတ်ကသင်းတွေပေါရင်တောင် Yoongiကတော့ကျိန်းသေဖြတ်ကျော်နိုင်မှာသေချာပေမယ့် Jiaeအနေနဲ့ခံနိုင်ရည်မရှိမှာကို သူတွေး‌ရင်းပူရသည်။


Yoongiလည်းထုတ်ပိုးစရာထွေထွေထူးထူးရယ်လို့လည်းမရှိတာမို့ ကျောပိုးအိတ်အ‌သေးတစ်လုံးစာသာရှိသောပစ္စည်းတွေကိုအမြန်သိမ်းကျုံးထည့်ကာ Jiaeရဲ့ဆေးစာရွက်တွေ ၊ သောက်စရာဆေးတွေကိုပါအပိုအိတ်အသေးတစ်လုံးနဲ့ထည့်သိမ်းနေသည်။ ဒါ့အပြင် အိမ်စာချုပ်ကိုပါတပါတည်းသိမ်းရသေးသည်။ ဒါမှ Jiae‌နောင်ရေးအတွက် စိတ်ချစရာအာမခံချက်ရှိမည်မဟုတ်လား။


" Jimin ah... ဘာလုပ်နေတာလဲ။ သွားကြမယ်လေ။"


Cha chaလေးကိုလက်ထဲ‌တလှုပ်လှုပ်နဲ့ပွေ့ကိုင်ကာ အပြင်ထွက်ဖို့အရေးတာဆူလာတဲ့jiae...။ သူမစိတ်ထဲမှာတော့ ထွက်ပြေးတိမ်းရှောင်နေရတယ်ဆိုတာတောင်မသိပါဘဲ အပျော်ခရီးအနေနဲ့လျှောက်လည်မယ်လို့သာတွေးထင်နေသည်။
တောင်းပန်ပါတယ် Jiae...။ တိမ်းပုန်းနေရတဲ့ဘဝကိုရောက်အောင်လုပ်ခဲ့မိလို့။


{{ A/N - cha chaဆိုတာ Yoongiခေါ်jiminရဲ့ ခွေးမလေးပါ။ Episode 3မှာပါဖူးပါတယ်။ Fallen Snow to The Heartထဲက Michaခေါ်cha chaကိုပြောတာမဟုတ်ပါ>.< }}


" သွားကြမယ်jiae..။ "


ပြုံးရွှင်ကာစကားဆိုလာတဲ့jiaeကို ခေါင်းတငြိမ့်ငြိမ့်နဲ့ပြန်ဖြေလိုက်ကာ သူမလက်တွေကိုအမိအရဆွဲကိုင်ပြီး တစ်ဖက်လက်ကနေအိတ်ကိုကိုင်ကာအိမ်ထဲမှထွက်လာခဲ့လိုက်သည်။ ဆိတ်ငြိမ်ရပ်ကွက်မို့ အိမ်နီးချင်းများဟာလည်းရှိသည်လို့ကိုမထင်ရအောင်ငြိမ်သက်လွန်းသည်။ ဒါကလည်း yoongiအတွက် ပိုအဆင်ပြေသွားစေတဲ့အရာတစ်ခု။


ဘယ်လိုပင် အိမ်ရာတစ်လျှောက်မှာလူခြေတိတ်နေပါစေ... ဘေးဘီကိုတော့ခနခန‌‌ကြည့်ပြီး အကဲခတ်ရသေးသည်။ Jungkookဆိုတဲ့လူကို ပေါ့သေးသေးနဲ့လျှော့တွက်လို့လည်း မရပြန်တာမို့။ အစစအရာရာသတိထားရသည်။


Beyond The Tragic Ending (✔︎)Where stories live. Discover now