မှုတ်ထုတ်လိုက်တဲ့ ဆေးလိပ်ငွေ့တွေနဲ့ အတူ စံတုရဲ့ အတွေးတွေက အတိတ်ကို ပြန်လည် လွှင့်မျောကုန်သည်။
လွန်ခဲ့သော ၂နှစ်ခန့်က ~~~
ဆူညံသံတွေကို မကြိုက်တဲ့ စံတုက Club တွေ Barတွေကို မနှစ်သက်။ ဘီယာသောက် အရက်သောက်တောင် ရုံးမှာပဲလူစု၍ သောက်ဖြစ်သည်။ သို့သော် တစ်နေ့သော အဲ့ညက တစ်ရုံးလုံးရဲ့ ဆွဲခေါ်မှုကြောင့် စံတု Club တစ်ခုသို့ ပါသွား၏။ Club တွင် မီးရောင်စုံတွေနဲ့ ဆူညံသံတွေကြောင့် သူ မသောက်ဘဲ မူးချင်လာသည်။ အပြင်ပြန်ထွက်ဖို့ကလည်း Clubထဲ ဝင်ပါက စစ်ဆေးခံရသည်ကြောင့် နောက်တစ်ကြိမ်း စစ်လားဆေးလားဆို အလုပ်ရှုပ်မည်ဆိုး၍ သူဋ္ဌေးအား အခန်းတစ်ခန်းငှားရန် တောင်းဆိုခဲ့သည်။
တစ်ရုံးလုံး အပြင်ထွက် ကနေချိန် ထိုအခန်းထဲ စံတုတစ်ယောက်သာ ကျန်ခဲ့၏။ Club ရှိအခန်းများက အသံမလုံသော်လည်း အခန်းတွင်းသို့ သီချင်းသံက ခပ်တိုးတိုးသာ ဝင်ရောက်၍ ဆေးလိပ်သောက်လိုက် ဘီယာသောက်လိုက်ဖြင့် သူမှိန်းနေလိုက်သည်။
ထိုအချိန်..
"Jack မင်းမရိုင်းနဲ့နော်..ဒုန်း ဒုန်း"
တဖက်အခန်းမှ စံတုတို့အခန်း နံရံအား တဒုန်းဒုန်း ထုနေ၍ မျက်လုံးမှိတ်ကာ မှေးနေသည့် စံတု မျက်မှောင်စုကျုံ့သွားရသည်။
"Jack ဒါ မုဒိမ်းမှုမြှောက်..အာ့"
"မုဒိမ်းမှုမြှောက်လည်း ငါ မင်းကိုလိုချင်နေပြီလေ ခန့်လေးရဲ့.."
ယောကျာ်းလေးနှစ်ယောက်အသံ ဆိုသော်လည်း အလိုမတူတဲ့ ကူကယ်ရာမဲ့နေတဲ့ အသံလေးကြောင့် စံတု ထိုအခန်းရှေ့သို့သွားကာ တံခါးခေါက်ရသည်။
"မင်းတို့ကို တစ်ကောင်မှမလာနဲ့ ပြောထားတယ်မလား!"
ဘယ်သူဘယ်ဝါမှန်း စံတုမသိသော်လည်း ထိုကောင်က ဒီClub တွင် အရေးပါအရာရောက်ပါလိမ့်မည်။
အခန်းတွင်းက အသံလေးကို သေချာအားစိုက်နားထောင်တော့ ရှိုက်ငိုသံလေးကို ကြားလိုက်ရသည်။
"အဲ့တံခါးကို မဖွင့်ပေးရင် ဖြစ်လာတဲ့ အမှုတွဲမှာ မင်းတို့ပါ ကြံပါရာနော်"
YOU ARE READING
ရွာဇော်၏ ချစ်ဒုက္ခ (ရွာဇော်၏ ချစ်ဒုက္ခ) Complete
Teen Fictionကလေးဆိုပေမဲ့ ရွာဇော်ရဲ့ အချစ်ကလေး။ ကလေးဆိုပေမဲ့ ရွာဇော်ရဲ့ အချစ်ကလေး။