ရန်ကုန် အောင်မင်္ဂလာအဝေးပြေးဂိတ်၏ မနက်ခင်းအချိန်တွင် ဖြစ်သည်။
"ဝေါ့...ဝေါ့...ဝေါ.."
"ဟာ..ဒီကောင်တွေကွာ။"
တောသားတွေမှန်း လူမသိမည်စိုး၍ သာထူးတို့အုပ်စုက တစ်ညလုံးလဲ ကားပေါ်တွင် အန်လာကြသည်။ ရန်ကုန်ဂိတ်ရောက်သည့်တိုင် "တ ဝေါ့ ဝေါ့" နှင့် ပျို့ကောင်းအန်ကောင်းတုန်း။
ပုံမှန်ဆို ကားပေါ်မှ ဆင်းသည်နှင့် အလုအယက် အထုပ်လာဆွဲတတ်ကြသည့် Taxiမောင်းဆရာသမား တွေလည်း သူတို့အုပ်စုနား မကပ်ရဲကြတော့ပေ။ ပျိုပျိုမေဆို အသံပင် မထွက်နိုင်တော့ပါ။
လေတဖြူးဖြူး နှင့် စီးရသည့် မြင်းလှည်း နွားလှည်းသာ စီးဖူးသော တောသားမြို့ရောက်တို့၏ ဒုက္ခက ထိုမှ စတင်ပါတော့သည်။
"ကားထပ်စီးရဦးမှာလား ယပိုင်ရာ။ လမ်းလျှောက်လို့ မရဘူးလားကွ။ ငါတို့လျှောက်နိုင်ပါတယ်။ အဲ့ ကားတော့ ထပ်မစီးပါရစေနဲ့ကွာ"
ရာဇာတို့ အိမ်သို့သွားရန် Taxiငှားတော့လည်း ကြောက်အားလန့်အား တားကြသည်။ ရာဇာတို့ကလည်း အိမ်လိပ်စာသိနေသည့် သူ့အား လာမကြိုကြတော့ပါ။ သူတို့ ကျောင်းကိစ္စ ရှိသည်ဆို၍ လားပဲ။ ဒီလို အုပ်စုလိုက်တည်းခွင့်ပေးသည်ကိုပဲ သူ့မှာ ကျေးဇူးလည်းတင်။ အားလည်းနာနေရပါပြီ။
"Taxi က ဘေးတံခါးဖွင့်မောင်းခိုင်းလို့ ရတယ်ကွ။ အလုံပိတ်မဟုတ်တော့ မင်းတို့မမူးပါဘူး လာကြပါကွာ။ မြန်မြန်ရောက်တော့ မြန်မြန် နားရတယ်"
Taxi တစ်စီးအား ငှားကာ ဈေးလည်းမဆစ်နိုင်တော့။ အထုပ်တွေ နောက်သို့ ပစ်တင်။ ပျိုပျိုမေကို ရှေ့ခန်းတွင် ထိုင်ခိုင်းပြီး သူတို့လေးယောက်က နောက်သို့ဝင်ထိုင်သည်။
"ဟိုကောင် ချက်ကြီး တံခါးပြန်ပိတ်လေ"
"မင်းပဲ တံခါးဖွင့်ပြီး စီးလို့ရတယ်ဆို။ ဒီလိုလေး စီးရရင် အေးနေမှာကွာ"
ယပိုင်ပြောသည့် ဘေးပြတင်းပေါက်ကို အဓိပ္ပာယ်ကောက်လွဲသည့် ချက်ကြီးက တံခါးတစ်ခုလုံးအား ဖွင့်၍ အပြင်သို့ပင် ခြေထောက်ချထားသေးသည်။
YOU ARE READING
ရွာဇော်၏ ချစ်ဒုက္ခ (ရွာဇော်၏ ချစ်ဒုက္ခ) Complete
Teen Fictionကလေးဆိုပေမဲ့ ရွာဇော်ရဲ့ အချစ်ကလေး။ ကလေးဆိုပေမဲ့ ရွာဇော်ရဲ့ အချစ်ကလေး။