"ဟဲ့ ရွာဇော်..လာ လာ..အမလေး..ရောက်လာတော့လည်း ချက်ချင်းလက်ငင်း"
ကြီးဒေါ်ချိုသည် အိမ်ရှေ့ထွက်၍ သူတို့အား ထွက်စောင့်နေ၏။
တစ်ထပ်အိမ်လေးမှာ ခြံဝင်းအသေးလေးထဲ နေရာယူထားသည်။ ခြံထဲတွင်လည်း ဂမုန်းပင်အမျိုးမျိုးကို ပန်းအိုးများနှင့် စိုက်ထားသည်။ ရန်ကုန်လို ကွန်ကရစ်ခင်းသည့် နေရာမျိုးမှာတော့ အပင်စိုက်ရန် ပန်းအိုးများ လိုသည်ပေါ့။ ရွာတွမှာ မြေနေရာ ကျယ်ဝန်း၍ မြေကြီးတွင်သာ မျိုးစေ့ကြဲ၍ စိုက်ကြ၏။"ဟုတ်ပဗျာ..ကျွန်တော်လည်း အလုပ်ကိစ္စနဲ့ဆိုတော့ ချက်ချင်းလာမှပဲ ရမယ်လေ"
"အရေးကြီးလို့လားဟဲ့ အလုပ်ကိစ္စ"
"သိပ်အရေးကြီးပဲ.."
"မချို..အိမ်ထဲအရင်ဝင်..ပြီးမှလေပေါ"
မာန်ပြည့်က အမေဖြစ်သူကို မချို ဟု ခေါ်ကာ အိမ်ထဲသွင်းသည်။ ဘယ်လိုကောင်မှန်း မသိ အမေကို ခေါ်တာကိုက။ ကြီးဒေါ်ကလည်း ခေါင်းညိတ်ကာ အိမ်ထဲဝင်ကြရန်ဆို၍ ဝင်လာခဲ့ကြသည်။
"မေချို..ပေါက်စီပါတယ်..မနက်စောသေးတော့ ဘုရားကပ်ထားဦးမလား"
"ကောင်းတာပေါ့ ရာဇာရဲ့..သားဘာသာ ကပ်လိုက်လေ"
ရာဇာဆိုသည့် ကောင်လေးက အကြီးကောင်ဖြစ်လိမ့်မည်။ စကားပြောသည့်ပုံကိုက အေးအေးဆေးဆေး။
"သားနှစ်ယောက် အသက်မကွာဘူး ထင်တယ်..ကြီးဒေါ်"
"ဟေ..ဪ..အေး မကွာဘူးလေ"
စကားသွက်သည့် ကြီးဒေါ်က ချက်ချင်း အင်း..အဲ..ဖြစ်သည်။
"တစ်ညလုံးကားစီးလာရတာ..နားလိုက်ဦး..ကျုပ် ဈေးသွားဦးမယ်..ဘာစားမလဲ ရွာဇော်..ဘာချက်ကျွေးရမလဲ"
"ဧည့်သည်လို လုပ်မနေပါနဲ့ ကြီးဒေါ်ရာ..အဆင်ပြေတာသာ ချက်..ပုစွန်ထုပ်တို့ ဘာတို့ဆိုလည်း ကျွန်တော်က စားပါတယ်..အဟဲ"
"အမလေးဟဲ့..နင်တောင် ထိတ်တုံးစာအမိခံပြီး ငါ့ဧည့်ခံသေးတာပဲ..သွားသွား.မာန်ပြည့်အိပ်ခန်းထဲ သွားအိပ်ချည်"
စိတ်မြန်လက်မြန်ရှိသည့် ကြီးဒေါ်က ဈေးခြင်းတောင်း ကောက်ဆွဲကာ အိမ်ထဲမှ ထွက်သွားသည်။
YOU ARE READING
ရွာဇော်၏ ချစ်ဒုက္ခ (ရွာဇော်၏ ချစ်ဒုက္ခ) Complete
Teen Fictionကလေးဆိုပေမဲ့ ရွာဇော်ရဲ့ အချစ်ကလေး။ ကလေးဆိုပေမဲ့ ရွာဇော်ရဲ့ အချစ်ကလေး။