"ဟာ ဘယ်လိုရောက်လာကြတာလဲ"
မနက်စောစော ဆိုင်သို့ရောက်လာသည့် ရာဇာနဲ့မာန်ပြည့်ကြောင့် ယပိုင့်မှာ အထူးအဆန်းဖြစ်ရသည်။
"ခင်ဗျားတို့ကရော ဘယ်သွားကြမလို့လဲ"
ရှပ်အဖြူနှင့်ပုဆိုးအား သေသပ်စွာဝတ်ထားကြသည့် ယပိုင်နှင့်ခန့်အား မေးငေါ့ကာ မာန်ပြည့်မှ မေးလာသည်။
"ခန့် ဘွဲ့ယူဖို့ လိုအပ်တာတွေ သွားလုပ်ရမယ်လေ"
ဒီရက်တွေထဲ ယပိုင့်ဟင်းချက်လက်ရာတွေကြောင့် ပါးလေးဖောင်းလာသည့်ခန့်ဘက်သို့ တစ်ချက်စောင်းကြည့်သည့် ယပိုင့်အကြည့်များက မြတ်နိုးတွယ်တာမှု အပြည့်ပါ၏။ ခန့်က ထမင်းတော့ စားမဝင်ပါ။ ယပိုင်ကသာ အတင်းချော့မြူ၍ ကျွေးနေရခြင်း ဖြစ်၏။
"ဒဂုံကိုလား..ကျွန်တော် ကားပါတယ် လိုက်ပို့ပေးမယ်လေ"
ရာဇာ့စကားကို ခန့်က ခေါင်းခါကာ ထငြင်းသည်။
"ကျွန်တော့်တို့ ဘာသာပဲ သွားလိုက်ပါမယ်"
ရာဇာဆိုတာလည်း စကားကို တစ်ခွန်းထက်ပိုမပြော၍ အသာတကြည်ပင် ခေါင်းပြန်ညိတ်ပြသည်။
"ကျွန်တော်တို့ ပြောစရာရှိလို့ လာတာ"
ရာဇာမှ ခန့်ကို တစ်ချက်လှမ်းကြည့်ကာ ပြောသင့်၊ မပြောသင့် ချိန်နေပုံရသည်။
"ကိုဟန် ရုံးမလာတာကြာပြီတဲ့၊ မနေ့က ရုံးကို လုပ်အားခသွားထုတ်ရင်း သိရတာ၊ ပြီးတော့.."
မှိုင်းညို့သွားသည့် ခန့်မျက်ဝန်းတွေက ချက်ချင်းပင် ငွေ့ရည်ဖွဲ့လာသည်။ ရာဇာ့ထံမှ ထွက်လာမည့် စကားကိုသာ စိတ်လှုပ်ရှားစွာ နားထောင်နေ၏။
"အဆက်အသွယ် မရတာလည်း ကြာပြီတဲ့"
ရာဇာ့စကားအဆုံး ခန့် ခေါင်းငုံ့ချပစ်လိုက်သည်။
မျက်ရည်တွေကို ပြန်မျိုချသည်။ လည်ချောင်းတွေနာလာသည်။ တိုက်ခန်းထဲမှာ ပိတ်လှောင်နေမည့် ကိုကို့ပုံရိပ်တွေကို မြင်ယောင်လာ၍ အော်ငိုပစ်လိုက်ချင်သည်။"အဆင်ပြေရဲ့လား ခန့်"
လက်မောင်းပေါ် ဖိဖွပေးလာသည့် အစ်ကို့လက်ဖဝါး၏ နွေးထွေးသော အထိအတွေ့နဲ့မှ ကိုခန့် အသိစိတ်ဝင်သည်။ သူ အစ်ကို့ရှေ့မှာ ဆင်ခြင်ရမည်။ ကိုကို့ကို လွမ်းပြနေပြီး အစ်ကို့ကို မနှိပ်စက်ချင်ပါ။ သို့သော် ကိုကို့ကို အရမ်းလွမ်းနေပြီ။
YOU ARE READING
ရွာဇော်၏ ချစ်ဒုက္ခ (ရွာဇော်၏ ချစ်ဒုက္ခ) Complete
Teen Fictionကလေးဆိုပေမဲ့ ရွာဇော်ရဲ့ အချစ်ကလေး။ ကလေးဆိုပေမဲ့ ရွာဇော်ရဲ့ အချစ်ကလေး။