"Singapore တဲ့"
စံတု၏ အမေးစကားအား ဘောစိမှ ခေါင်းညိတ်ပြလာသည်။ ချက်ချင်းပင် လက်ထဲရှိ အဖြူရောင်ဖိတ်စာအား ဘောစိထံ ပြန်ကမ်းပေးလိုက်၏။
"ကျွန်တော် ငြင်းတယ်"
"လုပ်ပါ စံတုရာ၊ အတွေ့အကြုံရှိတဲ့ editor လွတ်ပေးလို့ ရေးထားတာကွ"
"ခင်ဗျားကလည်းဗျာ တခြား teamက ထည့်ပေးလိုက်ပါ၊ ခဏလည်း မဟုတ် တစ်လတောင်"
စင်ကာပူဘက်မှ project တစ်ခုအတွက် စံတုတို့ organization ဘက်သို့ ကမ်းလှမ်းလာ၏။ ယခင်ကလည်း ထိုကဲ့သို့ oversea project တွေကိုင်ဖူးသော်လည်း ခန့်နှင့်လက်တွဲပြီးမှ ထိုသို့သော project တွေ သူရှောင်ဖယ်ခဲ့သည်။
"လုပ်ပါကွာ မင်းကလည်း အချင်းချင်းပဲ"
ဘောစိအကြောင်း သိနေ၍ စံတု ခေါင်းသာညိတ်လိုက်ရ၏။
ဘေဘီသိရင် သောင်းကျန်းဦးမှာ။
~~~~~~~~~~~~~~~~~~~~~~~
ဖျတ်ခနဲ မျက်လုံးတွေပွင့်လာတော့ နားထင်ထက်က ထိုးကိုက်လာသည်။ Barသို့ ကိုကို လာခေါ်သည်ကိုတော့ ကိုခန့်မှတ်မိ၏။ ပြီးနောက် သူ အစ်ကိုနေယပိုင်အပေါ် လုပ်ခဲ့သည့် လုပ်ရပ်ကိုလည်း မှတ်မိနေ၏။ကုတင်ထက် လှဲလျောင်းနေရာမှ ထထိုင်လိုက်သည်။ ထို့နောက် မျက်နှာသေးသေးအား လက်ဖဝါးလေးများဖြင့် အုပ်ထားမိ၏။
သူ့လုပ်ရပ်က မှားသည်လား မှန်သည်လားပင် မသိတော့ပါ။ ရုပ်ရှင်ရုံတွင်းရှိ ရင်ခုန်သံတွေက မရိုးသားမှန်း ကိုခန့်သိပါသည်။ ဒါကြောင့်လည်း ကိုကိုက သူ့အတွက် ဘယ်လောက်ထိအရေးပါကြာင်း အစ်ကိုနေယပိုင် သိအောင် ပြောပြခဲ့ခြင်းပင်။ဖွင့်ထုတ်ပြ၍ရလာမည် မဟုတ်သော အစ်ကိုနေယပိုင့်အခြေအနေအား သူ မသိသလိုနေပေးရုံသာ ရှိ၏။ ဒါက သက်ဆိုင်သူရှိနေတဲ့သူ့အား စိတ်ဝင်စားလာသည့် အစ်ကို့အပြစ်လေ။ ကိုခန့် ဖြေရှင်းဖို့ရာလည်း မတတ်နိုင်။ Jack လို လုပ်ရပ်မျိုး လုပ်လာမည့် လူမဟုတ်မှန်းတော့ ကိုခန့်သိပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~
"ယပိုင် ငါမေးစရာရှိတယ်"စားပွဲခုံတွေထက် ကြမ်းတိုက်နေသည့် နေယပိုင်ဘေးသို့ သာထူးမှ မျက်နှာမသာမယာဖြင့် ရောက်လာ၏။
YOU ARE READING
ရွာဇော်၏ ချစ်ဒုက္ခ (ရွာဇော်၏ ချစ်ဒုက္ခ) Complete
Teen Fictionကလေးဆိုပေမဲ့ ရွာဇော်ရဲ့ အချစ်ကလေး။ ကလေးဆိုပေမဲ့ ရွာဇော်ရဲ့ အချစ်ကလေး။