"ယပိုင်ရာ..ဖြစ်ပါ့မလားကွ"
သာထူးတစ်ယောက် သူငယ်ချင်းဖြစ်သူကို ပြောမနိုင်တော့သဖြင့် ခေါင်းကုတ်နေရချေပြီ။ တံဆိပ်ပင် မခွာရသေးသော ဦးဂျမ်းပုဆိုးအား ယပိုင်က ခပ်တိုတို အနေအထားသို့ပြောင်းဝတ်သည်။ တိုက်ပုံအင်္ကျီနှင့် ရှပ်အင်္ကျီမှာ လှည်းပေါ်တွင် အပုံသားရှိနေပြီး စွပ်ကျယ်လက်ပြတ်နှင့် သူကြီး ကြက်ခြံထဲရှိ ကြက်များအား လိုက်ဖမ်းနေသည်။ သူကြီးကလည်း ဧည်သည့်ဆရာဝန်များကို ဧည့်ခံနေ၍ ယပိုင်တို့ထံ အာရုံမရ။
"ဖြစ်ပါတယ်ကွ..ငါ့အဖေပိုင်တဲ့ ကြက်တွေက ငါ့ကြက်ပဲပေါ့...ပြီးတော့ ဧည့်သည်တွေ ဧည့်ခံဖို့ပဲ အဖေ နားလည်ပေးမှာပါ"
"ဒါဆိုလည်း ချကွာ"
သာထူးနဲ့ယပိုင် က ကြက်ဖမ်းသည့် တာဝန်ကိုယူသည်။
အေးထွန်းနှင့်ချက်ကြီးအား ရွာထိပ်ရှိ ဒေါ်တုတ်ကြီး ဘူးခြံမှ ဘူးသီးနှစ်လုံး ခိုးခိုင်းထား၏။ ယပိုင်သည် ခိုးရာ၌ စည်းကမ်းရှိရှိသာ ခိုးပါသည်။ ဘယ်သောအခါမှ လိုအပ်သည်ထက် ပို၍ မခိုးပါ။"ဒီကြက်တွေကွာ ကုသိုလ်ရဖို့ကို ပတ်ပြေးနေကြတယ်"
သာထူးတစ်ယောက် ပြေးနေသည့် ကြက်မနောက် လိုက်နေရ်ုးပင် ယပိုင့်အား မဲ့ကာ လှမ်းကြည့်သည်။
"သေဖို့အရေး ပတ်မပြေးဘဲ နေမလားကွ"
"ငါတို့ရွာကို စေတနာမေတ္တာရှေ့ထားပြီးလာတဲ့ ဆရာဝန်တွေ စားသောက်တာကို ခံရမှာလေကွာ..သူတို့ သေရတာ တန်ပါတယ် မင်းကလည်း"
သာထူး ပါးစပ်ပိတ်ကာ နေလိုက်သည်။ ယပိုင်၏ အဓိပ္ပာယ်မရှိသော စကားလုံးများတွင် ထိုကဲ့သို့ သူ့အကျိုး သူ့အကြောင်းတော့ အမြဲရှိနေတတ်ပါသည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~
"စားနော် များများထည့်စားကြ.."နေ့လည်စာ သုံးဆောင်နေသည့် ဧည့်သည်များအား ယပိုင်တို့အုပ်စု ယပ်တောင်တစ်ချောင်းစီ ကိုင်ကာ လိုက်ဧည့်ခံနေ၏။ မသိမသာဖြင့် မနက်က ကလေးနှင့် အထင်မှားခဲ့သည့် ကောင်လေးတို့ စားပွဲဝိုင်းနား ယပိုင် ကပ်သွားလိုက်သည်။ ကောင်လေး အမေဖြစ်သူကတော့ ဆရာဝန်များအဖွဲ့ တစ်ဝိုင်းစားနေပြီး လူငယ်များက တစ်ဝိုင်းဖွဲ့ထားသည်။
YOU ARE READING
ရွာဇော်၏ ချစ်ဒုက္ခ (ရွာဇော်၏ ချစ်ဒုက္ခ) Complete
Teen Fictionကလေးဆိုပေမဲ့ ရွာဇော်ရဲ့ အချစ်ကလေး။ ကလေးဆိုပေမဲ့ ရွာဇော်ရဲ့ အချစ်ကလေး။