Part - 4

676 42 2
                                    

ဆရာ့ ရင်ခွင်..... ( အပိုင်း ၄)

သာယာတဲ့ မနက်ခင်းရောက်သော်.....

ရှောင်ကျန်​့ အိပ်ရာကနေ ထကာ ရေမိုးချိုး မျက်နှာသစ်ကာ အကျီလ​က်ရှည် နဲ့ ပုဆိုး အစိမ်းရောင် ကွက်ကြားလေးက်ို ဝတ်ကာ ကိုယ့်ကိုကိုယ် ပြန်ကြည့်လိုက်တယ် ။ အင်း ဒီလောက်ဆို ရပြီ ။ ဆံပင်ကို လှန်တင်ကာ ကုတင်ပေါက သားရေအိတ်အမဲရောင်လေးကို ကိုင်ကာ အိမ်အောက်ထက်ကို ဆင်းလင်းတော့တယ် ။ ဒီနေ့ ကျောင်းမာ ဒေါသပုံ ထရအုန်းပေမည်။ စာမေးပွဲလေး တစ်ရက်လောက် ဖြေခိုင်းပါတယ် ။ တစ်ယောက်မှ အမှတ်ပြည့်မရဘူး ။ တွေ့ကြမယ် ဒင်းတို့ ။

"သား လာလေ ပါးတို့ နဲ့ အတူ မနက်စာ လာစား"

မနက်ခင်း စားပွဲပေါမာ ထိုင်ကာ နန်းကြီးသုတ် စားနေတဲ့ ပါးက လှမ်းပြောတော့တယ် ။ ရှောင်ကျန့်က ပြုံးပြလိုက်ကာ ထိုင်ခုံမာ ထိုင်လိုက်တယ် ။ မားက နောက်ဖေးကနေ နန်းကြီးသုတ် ပန်းကန်ကို ယူလိုက်ကာ သူရှေ့မာ ချပေးလိုက်တယ် ။ ဝါးး သူ့အ​ကြိုက် နံနံပင်လေးကို နည်းနည်းလေးသာ အပေါမာ အုပ်ထားတယ် ။ ပြီး​တေ့ာ ကြက်သားက နည်းနည်း ။ ဟင်းရေလေးက ပူပူလေးနဲ့ ။ ဒီနေ့တော့ စားကောင်းပြီး ။

"မားက သား အကြိုက်ကို သိတာပဲ "

"သိတာပေါ့ရှင် ။ ကိုယ့်သားလေးပဲကို "

သားအမိသားအဖ သုံးယောက် ရီရီမောမော စကားတွေပြောကာ မနက်စား လေးကို စတင်တော့တယ် ။ စားပြီးကြတော့ ပါးက အလုပ်ကို သွား ။ ရှောင်းကျန့်လည်း ကျောင်းကိုသွား ။ မားကတော့ အိမ်မာ အိမ်အလုပ်ကို လုပ်နေလေရဲ့ ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကျောင်းရောက်တော့

ဖြန်းး............

ကြိမ်လုံးကို စားပွဲပေါမာ အရှိန်ပြင်းပြင်း ရိုက်လိုက်တော့ တစ်ခန်းလုံး ငြိမ်သက်သွားကြတော့တယ် ။ ရှောင်းကျန့်ဆိုရင် ကျောင်းသားတိုင်းက ကြောက်ကြတယ် ။ အသင်အပြလည်း ကောင်းသလို အရိုက်လည်း ကြမ်းသကိုး ။ ကောင်းရင် သူများထက် နှစ်ဆ ကောင်းသလို ရိုက်ရင်လည်း သူများထက် ပိုရိုက်တတ်တယ် ။ ဒီနေ့တော့ ရှောင်ကျန့်လက်ရာ တစ်ခန်းလုံး စားရတော့ပေမည်။

ဆရာ့ရင်ခွင်..... Where stories live. Discover now